Snapdragon
ဆိုတာကတော့ မိုဘိုင်းဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ CPU
စနစ်တစ်ခုပဲဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေထဲမှာ ထည့်သွင်းအသုံးပြုတဲ့ CPU
တွေထဲကမှ Qualcomm ရဲ့ နည်းပညာပစ္စည်းလည်းဖြစ်ပါတယ်။
Snapdragon ကိုတော့ Qualcomm ကနေပဲ ထုတ်လုပ်ခဲ့ပြီး ဒါကိုအသုံးပြုဖို့အတွက် စဉ်းစားခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ Qualcomm ဟာ Snapdragon ကို Smart Phone, Tablet, Smartbook အစရှိတဲ့ Device တွေမှာ ထည့်သွင်းတပ်ဆင်အသုံးပြုဖို့ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ Snapdragon ကို Qualcomm ရဲ့ ကိုယ်ပိုင်ဒီဇိုင်းအနေနဲ့ ထုတ်လုပ်ခဲ့ပေမယ့် သူ့ရဲ့ ပုံစံဒီဇိုင်းပိုင်းနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်ပိုင်းတွေဟာ ARM နဲ့တူညီပြီး ARM Cortex-A8 ရဲ့ အခြေခံလည်းဖြစ်တယ်လို့ ကျွမ်းကျင်သူများကဆိုပါတယ်။ ဒီ Chipset စနစ်ဟာ မိုဘိုင်းဖုန်းတွေအတွက် မြင့်မားတဲ့စွမ်းဆောင်မှုတွေကို ပေးစွမ်းနိုင်မှာဖြစ်ပြီး Multimedia စနစ်ပိုင်းတွေအတွက်လည်း အကောင်းဆုံးစွမ်းဆောင်ချက်တွေကို ပေးနိုင်မယ်လို့ သုံးသပ်ကြပါတယ်။ Snapdragon Chipset တွေအားလုံးဟာ ဗီဒီယိုစနစ်တွေအတွက် မြင့်မားတဲ့ High Performance Video စနစ်တွေနဲ့ HD Resolution တွေကို ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး Snapdragon နဲ့အတူ တွဲဖက်ပြီး အသုံးပြုနိုင်ဖို့အတွက် Adreno GPU ကိုထုတ်လုပ်ခဲ့ပါတယ်။ GPU တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်တဲ့ Adreno ဟာ Integrated ဂရပ်ဖစ်စနစ်ကို Snapdragon Chip နဲ့အခြား Qualcomm Chip တွေမှာ ထည့်သွင်းတွဲဖက် အသုံးပြုနိုင်ဖို့အတွက် ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
Ref: internetjournal