Android OS နဲ့ သူ့အတွက်လိုအပ်တဲ့ Memory အကြောင်းကို ဖော်ပြပေးပါမယ်။ Android OS
စနစ်ဟာ ဖုန်းတွေမှာပဲဖြစ်ဖြစ် Tablet တွေမှာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့
အလွယ်တကူအသုံးပြုနိုင်တဲ့ OS
စနစ်တစ်ခုလို့ ကျွမ်းကျင်သူတွေက ဆိုကြပါတယ်။
ဒါ့အပြင် Android OS ဟာ Linux Platform ပေါ်မှာအခြေခံထားတဲ့ OS စနစ်တစ်ခုဖြစ်တဲ့အတွက် OS ရဲ့ဖိုင်အရွယ်အစားတွေဟာ အရမ်းကြီး မားလွန်းခြင်းမရှိတာကို တွေ့ကြရမှာဖြစ်ပါတယ်။
Android OS စနစ်ကို မိုဘိုင်းဖုန်းတွေပေါ်မှာ ထည့်သွင်းအသုံးပြုတဲ့နေရာမှာလည်း ဖုန်းတွေအတွက် မှတ်ဉာဏ်အများအပြား မလိုအပ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါပေမယ့် Android OS ကိုအသုံးပြုချင်ရင် မှတ်ဉာဏ်ဘယ်လောက်ရှိရပါမယ်လို့ သတ်မှတ်ထားတာမျိုးမတွေ့ရပဲ ဘယ်လို Device အမျိုးအစားတွေမှာ ဒီ OS စနစ်ကို အသုံးပြုနိုင်ပါမယ် အစရှိသဖြင့် ဖော်ပြချက်တွေတော့ရှိတယ်လို့ ကျွမ်းကျင်သူတွေကဆိုပါတယ်။ Android OS ကိုအသုံးပြုတဲ့နေရာမှာ OS ကို RUN ဖို့အတွက် မှတ်ဉာဏ်အများကြီး မလိုအပ်ပေမယ့် OS ထဲမှာပါဝင်တဲ့ Feature တွေကိုအသုံးပြုနိုင်ဖို့နဲ့ OS ထဲမှာပါဝင်တဲ့စနစ်တွေကို အသုံးပြုဖို့ ထပ်မံထည့်သွင်းဖို့ဆိုရင်တော့ မှတ်ဉာဏ်လိုအပ်နိုင်သလို CPU ရဲ့လုပ်ဆောင်နိုင်စွမ်းတွေလည်း လိုအပ်တယ်လို့ဆိုပါတယ်။ အချို့သောဖုန်းတွေမှာ Firmware Version ကိုမြှင့်တင်လိုက်ပေမယ့် ထူးထူးခြားခြား ဖုန်းမှာလေးလံသွားတာမျိုးမရှိပေမယ့် အချို့ဖုန်းတွေမှာတော့ Version မြှင့်လိုက်တဲ့အချိန်မှာ ဖုန်းက လုပ်ဆောင်ချက်တွေလေးသွားတာမျိုးနဲ့ ဖုန်းမကြာခဏ ဟန်းလာတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒါက OS ကြောင့်ဖြစ်တယ်ဆိုပေမယ့် ဖုန်းရဲ့ Memory ကြောင့် ဖြစ်တာမျိုးမဟုတ်ဘဲ OS မှာပါဝင်တဲ့ Feature တွေကို အကောင်းဆုံးအသုံးပြုနိုင်ဖို့အတွက် CPU က Support မလုပ်နိုင်တာကြောင့် ဖုန်းလုပ်ဆောင်ချက်တွေ လေးသွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ Android OS အတွက် Memory အသုံးပြုနှုန်း နည်းပါးခြင်းကို လေ့လာကြည့်မယ်ဆိုရင်တော့ HTC ရဲ့ HD2 ဖုန်းကို ကြည့်မယ်ဆိုရင်မြင်နိုင်ပါတယ်။ HD 2 ဟာ Windows Phone အမျိုးအစားဖြစ်ပြီး သူရဲ့ဖုန်းတွင်းမှတ်ဉာဏ်ဟာ 448MB RAM နဲ့ 512MB ROM ပဲပါဝင်ပါတယ်။ ဒါပေမယ့် ဒီလောက်မှတ်ဉာဏ်ထဲမှာ Windows ကို ထည့်သွင်းထားသလို နောက်ထပ် Android OS ကိုလည်း Dual Windows ပုံစံမျိုးနဲ့ ထပ်မံထည့်သွင်း အသုံးပြုနိုင်တာကို တွေ့ရပါတယ်။
Ref: InternetJournal