SMS ပို့လို့မရတာ၊ SMS Cenrter နံပါတ်တွေ ပြောင်းလဲရမှာတွေအတွက် အခက်အခဲရှိတာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီဖုန်းတွေမှာ SMS စနစ်အတွက် Center နံပါတ်ပြောင်းလဲနိုင်ဖို့နေရာကို တခြားဖုန်းတွေမှာလိုမျိုး Setting ထဲကနေ အလွယ်တကူ သွားလို့မရနိုင်တဲ့အတွက်ကြောင့်ပါ။ iPhone4S တွေအတွက် SMS Center နံပါတ်ပြောင်းလဲနိုင်တဲ့နေရာတွေကို
သွားချင်တယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ Code တွေကိုနှိပ်ရပါတယ်။ အဲဒါတွေကတော့ **5005*7672*+9595930003# ကိုနှိပ်လိုက်ပါ။ ပြီးရင်တော့ Call ခလုတ်ကိုနှိပ်လိုက်ရပါမယ်။ ဒါဆိုရင်တော့ ဖုန်းထဲမှာရှိနေတဲ့ SMS Center နံပါတ်ကို တစ်ခါတည်းပြောင်းလဲပေးပြီးသားဖြစ်မှာပါ။ သတ်မှတ်ချက်တစ်ခုလိုမျိုးရှိနေတဲ့ Code စနစ်တွေဖြစ်တဲ့အတွက် အသုံးပြုသူတွေပြုလုပ်ဖို့ ခက်ခဲတယ်ဆိုတာအမှန်ပါပဲ။ အဲဒီလိုမှမဟုတ်ပဲနဲ့လည်း Message Center နံပါတ်တွေကို အလွယ်တကူပြောင်းလဲနိုင်ဖို့ မလွယ်ကူပါဘူး။ အရင်တုန်းကထွက်ခဲ့တဲ့ 3G နဲ့ 3GS လိုဖုန်းမျိုးတွေမှာဆိုရင်လည်း ဒီလိုပါပဲ။ အရင်တုန်းကဆိုရင် Message Center နံပါတ်ကိုပြောင်းလဲချင်ရင် Code တွေကိုနှိပ်ရတဲ့အပြင် တခြားလိုအပ်တဲ့စနစ်တွေကိုလည်း ပြုလုပ်ရတှာပါဘူး။ Code စနစ်တွေကိုနှိပ်လိုက်ပေမယ့် Message Center နံပါတ် ပြောင်းလဲနိုင်တဲ့နေရာကိုပဲရောက်ရှိပြီး အဲဒီထဲမှာမှ ကိုယ်ဖြည့်စွက်ချင်တဲ့နံပါတ်ကို ပြောင်းလဲဖြည့်စွက်ရပါတယ်။ ပြီးတော့မှ Center နံပါတ်ကို Save လုပ်ပြီး ပြန်ထွက်လာရတဲ့စနစ်မျိုးတွေလည်း ရှိပါတယ်။ ခုပြောပြခဲ့တဲ့စနစ်ကတော့ Message Center နံပါတ် ပြောင်းလဲရတဲ့နေရာကို ရောက်ရှိတာမဟုတ်ပဲနဲ့ Center နံပါတ်ကို တစ်ခါတည်းပြောင်းလဲပေးပြီးသား ဖြစ်သွားစေမှာဖြစ်ပါတယ်။
