CDMA ဖုန်းတွေရဲ့ဖုန်းခေါ်ဆိုမှုမှာ ပြင်ပကိုဖုန်းခေါ်လို့မရပဲ Call Restict
ဆိုပြီးဖြစ်နေတာကတော့ ဖုန်းထဲမှာရှိနေတဲ့ Caller ID
ကိုပိတ်ထားတဲ့အတွက်ကြောင့် အထွက်ခေါ်ဆိုမှုကို ပိတ်နေတာဖြစ်ပါ။ CDMA
ဖုန်းတွေမှာ အဲဒီလိုပြဿနာတွေဖြစ်တတ်ပါတယ်။ ဒါကိုပြန်ပြုပြမယ်ဆိုရင်တော့
ဖုန်းရဲ့ Setting
ထဲမှာရှိတဲ့ Security Setting ထဲကိုသွားပါ။ အဲဒီထဲမှာရှိနေတဲ့ Call Restict ဆိုတဲ့ Function ထဲကိုဝင်လိုက်မယ်ဆိုရင်တော့ သူက ကုတ်နံပါတ်တောင်းပါလိမ့်မယ်။ အဲဒီထဲမှာ ကိုယ်ကိုင်ထားတဲ့ဟန်းဆက်ရဲ့ Default Code ကို ရိုက်ထည့်ပေးရမှာပါ။ User Code ချိန်းထားတယ်ဆိုရင်လည်း ပြောင်းထားတဲ့ User Code ကို ရိုက်ထည့်ပေးရမှာပါ။ အဲဒီလို ရိုက်ထည့်လိုက်တယ်ဆိုရင်တော့ Call Restict စနစ်ထဲမှာ On/Off ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီထဲမှာ Off လုပ်လိုက်မယ်ဆိုရင် ဖုန်းခေါ်လို့ပြန်ရလာမှာ ဖြစ်ပါတယ်။