Contact Now !

Ads Inside Post Main

Samsung ဖုန်းများတွင် ပါဝင်သော S Planner အားအသုံးပြုခြင်း

Android OS ဖုန်းတွေဖြစ်တဲ့ Samsung ဖုန်းတွေမှာ ပါဝင်တဲ့ S Planner ကိုဘယ်လို အသုံးပြုနိုင်တယ် ဆိုတာကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ S Planner ရဲ့ပုံစံကတော့ ခုလိုမြင်ရမှာ ဖြစ်ပါတယ်။

S Planner ကိုဖွင့်လိုက်ရင်တော့ ခုလိုမျိုး ပြက္ခဒိန်ပုံစံကိုမြင် တွေ့ရပါလိမ့်မယ်။


ဒါကတော့ S Planner စနစ် ရဲ့ Default မြင်ကွင်းတစ်ခုဖြစ်တဲ့ လအလိုက် မြင်ကွင်းဖြစ်ပါတယ်။ အပေါ်ဘက် ဘယ်ဘက်ထောင့်မှာရှိတဲ့ Month လို့ရေးထားတဲ့ Menu သင်္ကေတလေးကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ မြင်တွေ့ရမယ့် မြင်ကွင်းကို လအလိုက် ဒါမှမဟုတ် နှစ်အလိုက်၊ အပတ်စဉ် အလိုက် နေ့အလိုက် အစရှိသဖြင့် ကိုယ့်စိတ်ကြိုက် မြင်ကွင်းပုံစံမျိုး ပြောင်းလဲအသုံးပြု နိုင်တဲ့နေရာ ဖြစ်ပါတယ်။ အချို့ Device တွေမှာတော့ ဒီစနစ်ကို Menu နဲ့ ပြထားတာမျိုး မဟုတ်ဘဲ ဘေးမှာလ အလိုက်၊ နှစ်အလိုက်၊ အပတ်စဉ် အစရှိသဖြင့် တစ်ပါတည်း ဖော်ပြပေး ထားတာမျိုးလည်း ရှိပါတယ်။
ပြီးရင်တော့ အပေါ်ထိပ်မှာရှိ နေတဲ့ Today ဆိုတာကို နှိပ်လိုက်ရင်တော့ လက်ရှိနေ့စွဲကို ဖော်ပြ ပေးပါလိမ့်မယ်။ သူ့ဘေးနားမှာရှိ နေတဲ့ အပေါင်းလက္ခဏာ သင်္ကေ တလေးကို နှိပ်လိုက်ပါ။

ဒါဆိုရင်တော့ ခုလိုမျိုး မြင် တွေ့ရပါလိမ့်မယ်။

ဒါကတော့ ကိုယ့်ရဲ့ မှတ်သားမှု Event တစ်ခုကို အွန်လိုင်းပေါ် မှာ ကိုယ့်ရဲ့ အကောင့်တစ်ခုခုနဲ့ ချိတ်ဆက်ပြီး မှတ်သားထားနိုင်မယ့် နေရာဖြစ်ပါတယ်။ မချိတ်ဆက် ထားချင်ဘူးဆိုရင်လည်း Done ကိုနှိပ်လိုက်ရင် ရပါတယ်။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ ရပါလိမ့်မယ်။

ဒါကတော့ ကိုယ်မှတ်သားချင် တဲ့ Event တစ်ကို စတင်ပြီးမှတ် သားနိုင်မယ့် နေရာဖြစ်ပါတယ်။ စတင်စမ်းသပ်ပြီး မှတ်သားကြည့် ကြပါမယ်။ ထိပ်ဆုံးမှာ မြင်ရတဲ့ Title ဆိုတဲ့ နေရာမှာ ကိုယ်မှတ် သားချင်တဲ့ ပွဲတစ်ခု ဒါမှမဟုတ် မှတ်သားမယ့် အမည်တစ်ခုကို ရေးသွင်းပါ။

ပြီးရင်တော့ Title ရဲ့အောက် မှာရှိတဲ့ Location ဆိုတဲ့နေရာမှာ ကိုယ်မှတ်သားချင်တဲ့ တည်နေရာ တစ်ခုခုကို မှတ်သားနိုင်ပါတယ်။ ဥပမာ S Planner ဆိုတဲ့ Event တစ်ခုဟာ မန္တလေးမှာ ပြုလုပ်မယ့် အရာတစ်ခု ဖြစ်ခဲ့ရင် Location နေရာမှာ မန္တလေးလို့ မှတ်သားနိုင်ပါတယ်။ ဒါကကိုယ့်စိတ်ကြိုက် နေရာကို ဖြည့်သွင်းနိုင်တဲ့နေရာပါ။

ပြီးရင်တော့ အောက်နားမှာ ရှိနေတဲ့ Start ဆိုတဲ့ နေရာမှာ စတင်ပြုလုပ်မယ့် ရက်စွဲနဲ့ အချိန်တွေကို မှတ်သားနိုင်ပါတယ်။ Start ရဲ့အောက်မှာတော့ End ဆိုတာရှိပါတယ်။ End ဆိုတဲ့နေရာမှာ ပြီးဆုံးမယ့် နေ့ရက်နဲ့ အချိန်ကို မှတ်သားနိုင်ပါတယ်။ ပြီးရင်တော့ View More Option ဆိုတာကို နှိပ်လိုက်ပါ။

View More Option ကိုနှိပ် လိုက်ရင် ခုလိုမျိုး မြင်တွေ့ရပါ လိမ့်မယ်။

မြင်ရတဲ့ မြင်ကွင်းမှာရှိနေတဲ့ Reminder ဆိုတဲ့ နေရာကိုနှိပ် လိုက်ရင် နောက်ထပ်စနစ် နှစ်ခုကိုထပ်မံ မြင်တွေ့ရပါ လိမ့်မယ်။

15 Mins Before ဆိုတဲ့နေရာ ကိုနှိပ်လိုက်ရင်တော့ ကိုယ်စိတ်ကြိုက် အချိန်ကိုရွေးချယ် နိုင်ပါတယ်။ ဒီနေရာကတော့  ကိုယ်မှတ်သားတဲ့ပွဲ (သို့မဟုတ်) အကြောင်းအရာ တစ်ခုအတွက် ပြုလုပ်ရမယ့် အချိန်မတိုင်ခင် ဖုန်းကနေ သတိပေးနိုင်မယ့် စနစ်ဖြစ်ပါတယ်။ ကိုယ်က ဒီနေရာမှာ နာရီဝက် (မိနစ် ၃၀) ပေးထားတယ် ဆိုရင် ပြုလုပ်ဖို့ အချိန်မတိုင်ခင် မိနစ် ၃၀ အလိုမှာ ဖုန်းကနေ အလိုအလျောက် Alarm သံမြည်လာပြီး သတိပေးမှာ ဖြစ်ပါတယ်။
နောက်ထပ် တစ်ခုဖြစ်တဲ့ Notification ဆိုတဲ့ စနစ်ကတော့ ကိုယ်ပြုလုပ်ဖို့ မှတ်သားထားတဲ့ အကြောင်းအရာအတွက် ပြုလုပ်ဖို့ အချိန်မတိုင်ခင် Alarm ဖြင့် သတိပေးခြင်းနှင့်အတူ ဖုန်းရဲ့ Notification စနစ်မှာလည်း S Planner မှာ မှတ်သားထားတဲ့ အကြောင်းအရာအတွက် ပြုလုပ်ဖို့ သတိပေးတဲ့ Notification စာပေါ် လာစေဖို့အတွက် ပြုလုပ်ထားနိုင်ပါတယ်။
ဒီစနစ်တွေရဲ့ အောက်မှာရှိနေ တဲ့ Repeat ဆိုတာကတော့ ကိုယ်မှတ်သားထားတဲ့ အကြောင်းအရာ သို့မဟုတ် ပွဲတစ်ခုဟာ နေ့ စဉ်ရှိနေတာလား ဒါမှမဟုတ် တစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ်၊ တစ်နှစ်တစ်ကြိမ် အစရှိသဖြင့် ရွေးချယ်ပေးထား နိုင်ပါတယ်။ ပြီးသွားရင်တော့ အပေါ်ထိပ်ညာဘက် ထောင့်နားမှာ ရှိနေတဲ့ Save ကို နှိပ်လိုက်ပါ။ Save ကို နှိပ်လိုက်တဲ့အခါမှာ ပြက္ခဒိန် ပေါ်မှာရှိတဲ့ ကိုယ်ရွေးချယ် မှတ်သားလိုက်တဲ့ ရက်စွဲနေရာမှာ ခေါင်းစဉ်နာမည်ကို မြင်တွေ့ရပါလိမ့်မယ်။

ဒါဆိုရင်တော့ ကိုယ်ပြုလုပ်ဖို့ ရှိတဲ့ အကြောင်းအရာ တစ်ခုအတွက် မေ့လျော့နေမှာကို စိတ်ပူဖို့ မလိုတော့ဘဲ ဖုန်းကနေ သတိပေး နေနိုင်မှာ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ကိုယ့်ရဲ့ ပြုလုပ်ဖို့ ရှိနေတဲ့ အကြောင်းအရာတွေနဲ့ အခြားပြုလုပ်ခဲ့ပြီးတဲ့ အရေးကြီး အကြောင်းအရာတွေ အားလုံးကို သိမ်းဆည်း မှတ်သားထား နိုင်ပါတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့အသုံး ပြုပုံစံဟာ ဖုန်းရဲ့အပေါ် ထိပ်မှာရှိနေတဲ့ အပေါင်းလက္ခဏာ သင်္ကေတကိုနှိပ်ပြီး အသုံးပြုတဲ့ ပုံစံဖြစ်ပါတယ်။ အပေါင်းလက္ခဏာကို မနှိပ်ဘဲ ပြက္ခဒိန်ရဲ့ နေ့စွဲတစ်ခုချင်း စီမှာလည်း လက်နဲ့ထောက်ပြီး နေ့စွဲအလိုက် စိတ်ကြိုက်မှတ်သား ထားနိုင်ပါတယ်။
မှတ်သားထား ပြီးသားနေ့စွဲ တစ်ခုမှာ နောက်ထပ်မှတ်ဖို့ အကြောင်း အရာတစ်ခုခု ထပ်မံရှိခဲ့တယ် ဆိုရင်တော့ ပထမှတ် သားခဲ့လို့ အမှတ်အသား ဖြစ်နေတဲ့ နေ့စွဲကို နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။

မြင်တွေ့ရတဲ့ Event အမှတ် အသားအကွက်ရဲ့ ညဘက်အပေါ် ထိပ်မှာရှိနေတဲ့ အပေါင်းလက္ခဏာ ပုံလေးကို နှိပ်လိုက်ပါ။ ထပ်မံမှတ်သား နိုင်ဖို့အတွက် အထက်မှာ ဖော်ပြခဲ့သလိုပဲ ခေါင်းစဉ် အကြောင်းအရာ၊ တည်နေရာ၊ နေ့ရက် ၊ အချိန် အစရှိတာတွေကို ဖြည့်စွက်ဖို့ ပေါ်လာပါလိမ့်မယ်။

မှတ်သားမှု ပြီးစီးပြီဆိုရင် Save ကိုနှိပ်လိုက်ပါ။ ဒါဆိုရင် နေ့စွဲတစ်ခုတည်းမှာ လုပ်ဆောင်ရမယ့် အကြောင်းအရာ နှစ်ခုကိုဖုန်းက သတိပေးနိုင် ပါလိမ့်မယ်။
S Planner ပြက္ခဒိန်ရဲ့ ညာဘက် အပေါ် ထောင့်နားမှာ ရှိနေတဲ့ Menu ကိုနှိပ်ပြီး Setting ထဲကိုဝင် လိုက်ပါ။

Setting ထဲမှာတော့ ခုလိုမျိုးမြင်တွေ့ ရပါလိမ့်မယ်။

Setting ထဲမှာရှိနေတဲ့ Select alerts and notification ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့မှတ်သား ထားခြင်းအတွက် သတိပေးမှုကို Notification ဘားနဲ့ ဖော်ပြစေချင်သလား Alert ဆိုပြီး သတိပေးစေ ချင်လားဆိုတာကို ရွေးချယ်နိုင်ပြီး Select Ringtone ဆိုတဲ့ စနစ်ကတော့ သတိပေး Ring Tone သံကို ရွေးချယ်နိုင်တဲ့ နေရာဖြစ်ပါတယ်။


Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။