Contact Now !

Ads Inside Post Main

ttKeyboard ထည့်သွင်းနည်း နှင့် Error ဖြေရှင်းနည်း


iOS 8 အတွက် third-party မြန်မာကီးဘုတ် "ttKeyboard" ထွက်လာပြီးတဲ့နောက်မှာ မြန်မာစာတွေကို Jailbreak လုပ်စရာ မလိုတော့ပဲ အလွယ်တစ်ကူ ရေးသားနိုင်ပါပြီ..

"ttKeyboard" နဲ့ အစစအရာရာ အဆင်ပြေသူများ ရှိသကဲ့သို့ အဆင်မပြေဖြစ်နေကြသေးတဲ့ သူအချို့လည်း ရှိနေပါသေးတယ်။ အခုရက်ပိုင်းအတွင်း အများဆုံး ဖြေရှင်းပေးနေရသော ပြဿနာမှာ "ttKeyboard" ကို သွင်းယူလိုက်ပြီးနောက် Keyboard မတက်ပဲ 'Blank' သာ ဖြစ်နေပြီး ဘာမှ ရိုက်လို့မရတဲ့ပြဿနာ ဖြစ်ပါတယ်..


ဒါကြောင့်မို့ ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးခဲ့ပြီး အဆင်ပြေသွားစေတဲ့ နည်းလမ်းလေးကို ဖော်ပြလိုက်ပါတယ်..

နည်းလမ်းကတော့ ရိုးရှင်းပါတယ် ဒါပေမယ့် သတိထားရမှာလေးတွေကို အရင်ပြောပါမယ်...

  • လက်တစ်လော မိမိ Device နဲ့ ရိုက်ယူထားတဲ့ ဓါတ်ပုံလေးတွေရှိရင် iCloud နဲ့ BackUp လုပ်ပါ (သို့) Computer နဲ့ ချိပ်ဆက်ပြီး "DCIM" folder တစ်ခုလုံးကို copy ကူးယူထားပါ။
  • Mail, Contects အစရှိသည်တို့ကို iCloud နဲ့ BackUp လုပ်ပါ။
  • မိမိ Device Activation အတွက် Apple ID နဲ့ Password ကို မှတ်သား သိရှိထားပြီး ဖြစ်ရပါမယ်။
  • Wi-Fi connection (သို့) iTunes နဲ့ ချိပ်ဆက်ရန် Internet connection ရှိနေရပါမယ်။


**လုပ်ငန်းစဉ်**

အထက်ပါ အချက်အလက်များ အားလုံးပြီးပြည့်စုံပြီ ဆိုပါက...

Settings -> General -> Reset -> Erase All Content & Setting ကို နှိပ်ပြီး Reset ချလိုက်ပါ။



Apple Reset ချပြီးနောက် Activate လုပ်ပါ။ အားလုံးပုံမှန် ဖြစ်သွားပြီးနောက်တွင်

၁) မြန်မာစာဖောင့်ကို MyFont install လုပ်ပြီး သွင်းပါ။

၂) မြန်မာစာကီးဘုတ် ttKeyboard install လုပ်ပြီး သွင်းပါ။ 






ထည့်သွင်းနည်း   > How To Install Third-Party Keyboard

"ttKeyboard" ပြဿနာကို ဖြေရှင်းနိုင်သွားပါပြီ..

Thank You !

www.zealot-mko.com
ကြေညာ များ ထည့်သွင်းလို့ပါကဆက်သွယ်ရန် : +95 09 254201504
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။