Contact Now !

Ads Inside Post Main

IC မိတ်ဆက်


ဒီနေ့ ကျနော် Huawei c8813 ကို စံနမူနာထားပြီး ရေးထားတာက IC မိတ်ဆက် ပါခင်ဗျ
ဖုန်း တစ်လုံးရဲ့ PCB ပေါ် ကြည့်လိုက်ရင် ဘယ်ဟာ ဘာ IC ဆိုတာ သိခြင်းနှင့်မသိခြင်းသည် အလျော်အစား နဲ့ ထပ်တူကျပါတယ်
သြော် ဒါလေးဟာ WiFi IC ဆိုပါလား ဆိုတာ Charging IC ဆိုပါလားဆိုတာ သိခဲ့ရဖို့ လပေါင်းများစွာကြာခဲ့ပါတယ်
လမ်းညွှန်ကူညီခဲ့တဲ့မိတ်ဆွေ ဆရာသမားတွေကို မှတ်မှတ်ရရ ရှိနေဆဲပါ ခင်ဗျ

ဘုတ်ရဲ့ ရှေ့ဘက်ခြမ်း ကိုပဲ အရင်ပြောပါမယ် အပေါ်ဆုံး ဘယ်ဘက်ဒေါင့် က သံဖုံးအောက်မှာ ရှိတဲ့ နှစ်ကောင်က GPS အတွက်ပါ
Z 5501 နဲ့ U 5501ပါ Z5501 က Transfomer လေးနဲ့တူပါတယ် U 5501 က သူ့ရဲ့ DC to DC လေးထင်ပါ့
ဟိုးအောက်က RF Section ထဲမှာလဲ Z5502 ဆိုပြီး GPS အတွက်တစ်ကောင်ရှိသေးပါတယ် ပြီးတော့ သူတို့ဘေးက သုံးချောင်းထောက် FET လေးနှစ်လုံးရှိမယ် အဲ့ကောင်တွေက LED Red Driver နဲ့ Green Driver လေးဆိုပဲ ကျနော်တို့ ဖုန်းအားသွင်းတော့ မှန်ပေါ် က ear speakerဘေးမှာ မီးစိမ်းလေးပြလာတယ် အားပြည့်သွားရင် မီးလေးနီလာတယ် ဒါပါပဲ ပြဿနာ ပေးတဲ့ကောင်တွေမဟုတ်ပေမယ့် သိထားရတာပေါ့
ဆက်သွားရင် Camera Sockect အပေါ်က Touch ic ရှိပါတယ် U 1601 ပါခင်ဗျ
အင်းးး ဒီနေရာမှာ Camera နဲ့ပတ်သက်ပြီး IC ကြီးကြီးမားမားမရှိပါဘူး Camera Sockect အောက်နားမှာ IC သေးသေးနှစ်ခုရှိပါမယ် သူ့အတွက် DC to DC လေးတွေပါ Sockect ဘေးမှာ data သွားမယ့် 2 in 1 coil လေးသုံးလုံး ရှိပါတယ် အရေးပါပါတယ် Camera နဲ့ပတ်သက်တဲ့ error တွေတက်တိုင်း ဟိုနှစ်လုံးနဲ့ ဒီသုံးလုံးကို တွယ်ရတာပဲဗျို့ဒီကကျော်လို့မရရင် မစဉ်းစားနဲ့တော့ CPU ထဲရောက်သွားပြီပဲ
ဆက်ပြောရရင် မိုးလင်းတော့မှာပဲ နားကျပ်ပေါက်အောက်က သံဖုံးအောက်မှာ WiFi နဲ့ Bluetooth FM အုပ်စုပေါ့ အားလုံးသိတန်သလောက် သိပြီးသားတွေပါပဲ အဲ့အုပ်စုက ရှင်းအောင်ပြောရင် ရှင်းတယ် ရှုပ်အောင်ပြောရင် ရှုပ်တယ်
လွယ်လွယ်ပြောရရင် WiFi Bluetooth FM သုံးခုလုံးကို U 6000 ထဲမှာ အလုပ်လုပ်ထားပါတယ်
ကျနော်တို့ Bluetooth IC ခေါ်ခေါ်နေတဲ့ကောင်ပေါ့ဗျာ
သုံးလုံးတွဲအုပ်စုမှာ ညာဘက်ဘေးကကောင်လေး လေ
ပြီးတော့ ကျနော်တို့ WiFi IC လို့ပြောပြောနေတဲ့ကောင်က U6100
နှစ်လုံးဆင့်မှာ အောက်ကကောင်
အဲ့ကောင်က အဲ့အုပ်စုရဲ့ Baseband IC ဆိုပဲ Baseband နဲ့ပတ်သက်ရင် ကျနော်သိပ်မသိသေးပါဘူး ဖုန်းလိုင်းက Baseband နဲ့တော့မတူပါဘူး ခင်ဗျ ဒါဆို အပေါ်ကIC လေးကသူတို့အားလုံးရဲ့ လှိုင်းတွေကို ဖမ်းယူ ထုတ်လွင့်ပေးမယ့် သူတို့ရဲ့ ကိုယ်ပိုင် RF IC လို့ဆိုသကို အဲ့ကနေ Antenna ထွက်ထားတယ်ဗျ
ရှုပ်တယ်နော်
Touch မရ ချ Sleep mode ချ နဲ့ ပြဿနာ အများဆုံးအုပ်စုပေါ့ဗျာ
မှတ်မိပါသေးတယ် အရင်က အဲ့ထဲမှာ Display IC ပါတယ်ထင်ပြီး မတို့ရဲမထိရဲခဲ့တာ ဦးဇေ တို့ ဦးဝေ တို့ပြောမှ ချရဲခဲ့တဲ့ မြန်မာ မိုဘိုင်း Hardware လောကကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တဲ့ ရာဇဝင်များနဲ့ WiFi အုပ်စုပါခင်ဗျ အုတ်နင်းသောင်းနင်း ကိုဖြစ်လို့
ထားပါ သူတို့ရဲ့ဘေးမှာ U1002 ဆိုတဲ့ Camera LED Driver လေးပါ
ဒီနေ့တော့ ဒီလောက်ပဲရေးနိုင်မယ်ဗျို့
နောက်များမှ တစ်ဘုတ်လုံး ဖြည်းဖြည်းချင်း ရေးပါအုံးမယ်
ကျနော် ကတော့ ကြိုက်မှန်းမသိ မကြိုက်မှန်းမသိ ဟုတ်သလားမှန်သလားလဲ မသိ ရေးချင်ရာရေးတဲ့ မန်းတလေး က ဦးစိုင်းပီးပါ ခင်ဗျာ မှားလဲ ပြင်ပေးကြပေါ့
ချတော့ မချနဲ့နော် အပြုသဘောဆောင်ပြီး ဝင်ရောက်ဆွေးနွေးပေးကြပါ ခင်ဗျ ထောင်လွှားခြင်း မာန်မာန ပြင်းထန်ခြင်း ယှဉ်ပြိုင်ခြင်း ကင်းပါရစေ ဗျာ ခင်မင်စွာဖြင့်
ဦးစိုင်းပီး


Thank You ! www.zealot-mko.com Hot Line: +95 09 254201504
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။