Contact Now !

Ads Inside Post Main

မြန်မာစာ အက္ခရာများကို သင်ကြားနိုင်မည့် Application တစ်ခု ထွက်ရှိလာ

iPad ပေါ်တွင် မြန်မာစာရေးသားနည်းကို လေ့ကျင့်သင်ကြားနိုင်မည့် Phew Myanmar Alphabets Application တစ်ခုကို Revo Tech ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ အဆိုပါ App သည် မြန်မာစာကို စတင်သင်ကြားနေသည့် ကလေးငယ်များအတွက် ရည်ရွယ်ထုတ်လုပ် ထားခြင်းဖြစ်ပြီး iPad နည်းပညာထုတ်ကုန် ပေါ်တွင်သာ အသုံးပြုနိုင်မည် ဖြစ်သည်။ မြန်မာအက္ခရာ တစ်လုံးလျှင် ၁၂ ကြိမ်အထိ ရေးသားလေ့ကျင့်ရမည်ဖြစ်ပြီး AnimatedDot များကို အသုံးပြု၍ ခြောက်ကြိမ်တိတိ
ရေးကျင့်နိုင်ပြီး ကျန်ခြောက်ကြိမ်ကို မျဉ်းလွတ်ရေးကျင့်နိုင်မည့် App တစ်ခုဖြစ်သည်။ Phew Myanmar Alphabets Application တွင် မြန်မာအက္ခရာများကို အနက်ရောင်၊ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင် အစရှိသည့် အရောင်လေးမျိုးဖြင့် အသုံးပြုထားပြီး iOS version 7.0 နှင့်အထက် iPad များတွင်သာ အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရသည်။ Revo Tech ကုမ္ပဏီအနေဖြင့် မြန်မာစာရေးသားနည်းနှင့် လေ့ကျင့်နည်း Application တစ်ခုဖြစ်သည့် Phew Myanmar Alphabets ကို မြန်မာအက္ခရာ 'က' မှ 'ဈ' အထိကို အခမဲ့ download ရယူသုံးစွဲနိုင်ရန် စီစဉ်ပေးထားပြီး 'က' မှ 'အ' အက္ခရာအထိ အပြည့်အစုံ ပါဝင်သည့် version အတွက် iTunes ပေါ်တွင် အမေရိကန်ဒေါ်လာ ၁ ဒဿမ ၉၉ ဖြင့် ရောင်းချထားပြီ ဖြစ်သည်။ - See more at: http://www.internetjournal.com.mm/content/14098#sthash.ShJu7mLb.dpuf Thank You ! www.zealot-mko.com Hot Line: +95 09 254201504
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။