Contact Now !
Ads Inside Post Main
ဝင်းဒိုးကွန်ပြူတာမှ Shared Folder ကို Android / IOS မှာ အသုံးပြုနည်း
Android မှာ Windows Shared Folder ကို အသုံးပြုနိုင်တဲ့ File Manager App မပါရှိပါဘူး။ ဒီလိုပြုလုပ်ပေးနိုင်တဲ့ File Manager App များစွာရှိပေမယ့် ES File Explorer ကို အသုံးပြုပါမယ်။
ES File Explorer ကို Android Device မှာ အင်စတော လုပ်ပြီးရင် Menu ခလုတ်ကို နှိပ်ပါ။ Network ကို တစ်ချက်နှိပ်ပြီး LAN ကို နှိပ်ပါ။
Scan ခလုတ်ကို နှိပ်ရင် ၀င်းဒိုးကွန်ပြူတာမှ Share လုပ်ထားတဲ့ ဖိုင်များကို Scan လုပ်ပါလိမ့်မယ်။ ပြီးရင် သင့်ကွန်ပြူတာရဲ့ IP Address ကို ပြပေးပါလိမ့်မယ်။ သင့်ကွန်ပြူတာရဲ့ IP Address ကို တစ်ချက်နှိပ်ပါ။ ၀င်းဒိုးကွန်ပြူတာမှာ Setup လုပ်တဲ့အခါမှာ Username နဲ့ Password သတ်မှတ်ထားရင် အဲဒါတွေကို ပြန်ထည့်ပေးပါ။
 ပြီးရင် ၀င်းဒိုးကွန်ပြူတာမှ Share လုပ်ထားတဲ့ ဖိုင်များ၊ ဖိုဒါများကို တွေ့မြင်အသုံးပြုနိုင်ပါပြီ။ ဖိုင်များကို Android သို့ ကော်ပီကူးနိုင်သလို ဗီဒီယိုများကိုလည်း Android မှာ ကြည့်ရှုနိုင်ပါပြီ။
ဝင်းဒိုးကွန်ပြူတာမှ Shared Folder ကို iOS မှာ အသုံးပြုနည်း
 iOS မှာတော့ FileExplorer Free ကို အသုံးပြုပါမယ်။ App ကို ဖွင့်ပြီး + Button ကိုနှိပ်ပါ။ Windows ကို နှိပ်ပါ။
FileExplorer က Local Network မှာရှိတဲ့ ကွန်ပြူတာနာမည်များကို ပြသပေးမှာဖြစ်ပြီး သင့်ကွန်ပြူတာကို တစ်ချက်နှိပ်ပါ။ Username, Password သတ်မှတ်ထားရင် ဖြည့်ပေးပါ။
 iOS ဟာ ဖိုင်စီမံခန့်ခွဲတဲ့ အပိုင်းမှာ Android လောက် မစွမ်းဆောင်နိုင်ပါဘူး။ ဒါပေမယ့်လည်း ၀င်းဒိုးမှ Share လုပ်ထားတဲ့ ဗီဒီယိုများကို တိုက်ရိုက်ကြည့်ရှုနိုင်ပြီး နှစ်သက်ရာ App နဲ့ ဖွင့်ကြည့်ဖို့ Open In စွမ်းဆောင်ချက်ပါရှိပါတယ်။
Ref: Myanmar Digital Life Journal
Thank You !
www.zealot-mko.com
 Hot Line: +95 09 254201504
Previous
Next Post »
လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။