
IOS သမားများအတွက် SHSH blobs ကို Save ပြုလုပ်နည်း တင်ပေးလိုက်ပါတယ် ။
iDevice သုံးစွဲသူများ အနေနှင့် Jailbreak လုပ်ထားသည် ဖြစ်စေ မလုပ်ထားသည်ဖြစ်စေ Update လုပ်လိုက်သော iOS အတွက် မိမိ၏ SHSH blobs ကို Save လုပ်ထားခြင်းမှာ အကောင်းဆုံးဖြစ်ပါတယ်။
ဟုတ်ပါပြီ ဒီ SHSH blobs ကို ဘာလို့ Save လုပ်ခိုင်းတာလဲ လို့ သင်မေးစရာရှိလာပါလိမ့်မယ်...။
Version Update ပြုလုပ်တာပဲ ဖြစ်ဖြစ် အကြောင်းတစ်စုံတစ်ခုကြောင့် Downgrade ပြန်ဆင်နိုင်ရန်အတွက် အခွင့်ရေးတစ်ခု ရရှိနေရန်အတွက် ဖြစ်ပါတယ်။ Apple က နောက်ထပ် firmware တစ်ခု အသစ်ထပ်ထုတ်လိုက်တဲ့ အချိန်မှာ လက်ရှိ firmware ကို မြန်မြန်ဆန်ဆန် ပိတ်ပစ်တာကြောင့် အဲဒီအချိန်ကျရင်တော့ Save လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် firmware တစ်ခုကို update လုပ်ပြီးတာနှင့် တစ်ပြိုင်နက် save ပြုလုပ်ထားသင့်ပါတယ်။
Tiny Umbrella နဲ့ Save ပြုလုပ် နိုင်သလို iSHSHit နဲ့ လည်း save ပြုလုပ် နိုင်ပါတယ်။ iSHSHit ကတော့ Jailbreak ဖြစ်ရန် လိုအပ်ပါတယ်။
ပထမဦးစွာ "iSHSHit" ကို Cydia တွင်ရှာ၍ install လုပ်ပါ။
Cydia Source: "http://cydia.xsellize.com/" ဖြစ်ပါတယ်။
Home screen ရှိ "iSHSHit" ကို ဖွင့်ပြီး ညာဖက် အပေါ်ဒေါင့်ရှိ "Save" ကို နှိပ်လိုက်ရုံနဲ့ 
သင့် iOS ၏ Shsh blobs ကို လွယ်ကူစွာ Save နိုင်ပါပြီ..

.jpeg)
.jpeg)
.jpeg)

.jpeg)
.jpeg)