Android Operating System ဟာ Open Sourceဖြစ်တဲ့အတွက်
Google မှ OS Version တစ်ခုထွက်တိုင်း ပေးတဲ့Stock Android ကို
Phone ထုတ်လုပ်တဲ့ Company များမှ အမြင်ဆန်းသစ်အောင် သုံးရလွယ်ကူ အောင် Feature အသစ်တွေ ထပ်တိုးပေါင်းထည့်ကြပါတယ်။ အဲဒီမှာ မတူညီတဲ့User Interface Layer အမျိုးမျိုး
ကွဲပြားသွားတာဖြစ်ပါတယ်။ Lock Screen ဖွင့်တာ App Tray အထားအသို Folder တည်ဆောက်ပုံ Wiget,Notification စတာတွေမှာ UI တစ်ခုနဲ့တစ်ခုမတူညီအောင် ကောင်း
သထက်ကောင်း အောင်အပြိုင်အဆိုင်ဖန်တီးထားကြတာဖြစ်ပါတယ်။
Jelly Bean အတူတူကို Nexus 4မှာတစ်မျိုး Galaxy S3မှာတစ်မျိုး
HTC မှာတစ်မျိုး Huawei မှာ တစ်မျိုး
နဲ့ Handset ပြောင်းကိုင်တဲ့အခါ တော်တော်နဲ့အသားမကျတတ်တာ
User Interface မတူညီတဲ့အတွက်ဖြစ်ပါတယ်။
Nexus ph များရဲ့ UI ကတော့ Google ရဲ့မူလ Holo UI ဖြစ်ပါတယ်။
HTC ရဲ့ UI ဟာ HTC Sense ဖြစ်ပါတယ်။
HTC Sense 1 ကို HTC Hero မှာစတင်အသုံးပြုခဲ့ရာမှ နောက်ဆုံးထုတ်
HTC One မှာဆို ရင် Sense 5 ကိုသုံးထားပါတယ်။
Samsung ကတော့ TouchWiz UI သုံးပါတယ်။
Galaxy S 4မှာဆိုရင် TouchWiz Nature UX 2.0 နဲ့ Feature အစုံဆုံး
User Interface အဖြစ်ထုတ်လုပ်ထားပါတယ်။
Motorola ဆိုရင် Motoblur UI
Huawei ဆိုရင် Emotion UI အစရှိသဖြင့်အသုံးပြုကြပါတယ်။
HTC Sense နှင့် Touchwiz အကြောင်းအသေးစိတ် တင်ပါဦးမည်။
Lin Htet Win
Myanmar IT Group
