Contact Now !

Ads Inside Post Main

HTC ဖုန်းများအခြေခံပြုပြင်ခြင်း

HTC ဖုန်းတွေက အနည်းငယ်ရှုပ်ထွေးသယောင်ရှိပါတယ်။တကယ်တော့ HTC များဟာ ဖုန်းပြုပြင်သူအတွက်လိုအပ်တဲ့အချက်အလက်တွေကိုဖွတ်ထားသလိုပွင့်ပွင့်လင်းလင်းဖော်ပြထားခြင်းမရှိဘူးဖြစ် နေပါတယ်။ HTC ဖုန်းတွေကိုဆော့ဝဲလ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေလုပ်တော့မယ်ဆိုရင် ပထ မဆုံး HTC ဖုန်းမော်ဒယ်လ်တွေကို သတ်မှတ်ထားပုံတွေသိရပါမယ်.သာမာန်အားဖြင့်မိုဘိုင်းဖုန်းတော်တော်များများဟာ သူတို့ရဲ့မော်ဒယ်တွေကိုဖုန်းရဲ့နောက်ဖက်မှာရေးသားထားကြပါတယ်။အဲဒီမော်ဒယ်လ်နံပါတ်ကို ကြည့်ပြီး


 ဖုန်း ပြုပြင် တဲ့သူကသက်ဆိုင်ရာဆော့ဝဲတွေကိုစုဆောင်းပြီးပြု ပြင်မှု တွေကိုစတင်ရပါတယ်။ HTC ဖုန်းတွေ ကတော့သူတို့ရဲ့ မော်ဒယ်တွေကို ဖုန်းဘက်ထရီနောက်ကျောမှာရေးထားပေမယ့် အဲဒီမော်ဒယ်လ်နံပါတ်နဲ့ သက်ဆိုင်တဲ့ Firmware တွေကိုတိကျစွာရှာဖွေလို့မရပါဘူး။HTC ဖုန်းတွေအတွက် Flashing ဆော့ဝဲလ်ပြန်ရေး တာတွေ Update ပြုလုပ်တာတွေပြုလုပ်ဖို့အတွက် မှန်ကန်တဲ့ Firmware ကိုရွေးချယ်နိုင်ရ မှာ ဖြစ်ပါတယ်။ဥပမာ - HTC Desire A8181 ဆိုပြီးဖုန်းနောက်မှာရေးထားပေမယ့် အဲဒီဖုန်းကို နာမည်နဲ့Firmware ရှာဖွေမယ်ဆိုရင်ရှာတွေ့မှာမဟုတ်ပါဘူး။HTC Desire A8181 ရဲ့ Code Name နဲ့ရှာဖွေမှ သာမှန်ကန်တဲ့ Firmware ကိုရမှာဖြစ်ပါတယ်။HTC Desire A8181 ရဲ့ Code name က HTC BRAVO ဖြစ်ပါ တယ်။ဖော်ပြပါဇယားကိုကြည့်လိုက်ပါသဘောပေါက်သွားပါလိမ့်မယ်။ဇယားကိုကြည့်လိုက်ပြီး HTC Firmware တွေကိုမော်ဒယ်လ်နဲ့ကိုက်ညီပြီးသတ်မှတ်နိုင်သွားပါမယ်။
HTC မှာ ၄င်းအတွက် Firmware များကို RUU ဟုခေါ်ပါတယ်။ RUU ဆိုတာက Rom UpdateUttillity လို့ခေါ်ပါတယ်။Stock ROM ဆိုတာကတော့ HTC ကတရားဝင်ထုတ်ပေးထားတဲ့ RUU ကိုခေါ်တာပါ။RUU Name Formatကိုနားလည်ထားဖို့လိုပါတယ်။Name Format ကိုသိမှRUU အမှန်ကိုရွေးချယ်နိုင်မှာဖြစ်ပါတယ်။
Device Code Name (Provider/Locationname)_(Softwarebase).(Provider/Location).x_RADIO(Radioversion)
ဥပမာ HTC Sensation အတွက် RUU ဆိုပါက Device Code Name ဟာ Prymid ဖြစ်တဲ့အတွက် RUU ကို Prymid ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်။Device မှန်ကန်သွားရုံနဲ့တော့ RUU အမှန်ကိုရွေးချယ်မှုမပြုနိုင်သေးပါ ဘူး။အမှန်ရွေးချယ်နိုင်ဖို့ အဓိကနှစ်ပိုင်းလိုအပ်ပါတယ်။
၁။ ဖုန်း၏ CID နှင့် Region Code (Provider Location )
၂။ ဖုန်းမှာလက်ရှိတင်ထားသော Software Version


HTC ဖုန်း၏ CID အားသိရှိရန်ဆောင်ရွက်ခြင်း
CID ကိုသိချင်တယ်ဆိုရင်တော့ PC ထဲမှာ Android SDK နှင့် HTC Driver လိုအပ်ပါတယ်။၎င်းတို့ PC ထဲကိုထည့်သွင်းပြီးဆိုရင်တော့ရှေ့ဆက်နိုင်ပါပြီ။
၁။Bootloader Mode သို့ပြောင်းရမှာဖြစ်တာကြောင့်ဖုန်းကိုပါဝါပိတ်ပြီး ဓာတ်ခဲထုတ်ပြီးပြန်ထည့်ကာ Vol Down နှင့် Power ခလုတ်တို့ကိုပြိုင်တူနှိပ်ထားပေးလိုက်ပါ။မကြာခင်မှာ Bootloader Mode ထဲကိုရောက်သွား ပါမယ်။
၂။Bootloader ထဲကိုရောက်သွားတာနဲ့ဖုန်းကို USB ကြိုးဖြင့်ကွန်ပြူတာကိုချိတ်ဆက်လိုက်ပါ။အဲဒီအချိန်မှာဖုန်း တွင်Fast Boot USB ဟုပြသနေရပါမည်။မပြပဲ ရှိနေပါက Fast Boot ကိုရွေးနှိပ်ပေးပါ။AndroidSDK Folder အား ကွန်ပြူတာထဲမှ C:တွင်သိမ်းဆည်းထားပေးပါ။



Download 


၃။ကွန်ပြူတာတွင် DOS COMMAND ကိုဖွင့်ပြီး AndroidSDK Folder ထဲမှ platform tools folder ကိုCommand ဖြင့်သွားပါ။ထိုသို့ပြုလုပ်ရန် Windows Start ကိုနှိပ်ပါ။Run ကိုရွေးပါ။ Run ထဲတွင် cmd ဟု ရိုက်ပါ။Ok နှိပ်လိုက်ပါက Dos Command Window ပေါ်လာပါမယ်။ထိုအခါ cd.. ကိုရေးပြီး Enter ခေါက်ပါ။ Command တွင် c:\ပေါ်သည်အထိဆက်လုပ်ပေးပါ။c:\ ပေါ်ပြီဆိုပါက cd AndroidSDK ရိုက်ပါ။ထိုအခါ c:\AndroidSDK ဟုဖော်ပြပါမယ်။ထို့နောက် cd platform tools ဟုရိုက်ထည့်ပြီး Enterခေါက်ပါ။ c:\AndroidSDK\platform tools\ ဟုပေါ်လာပါက ဖော်ပြထားတဲ့fast boot command ကိုရိုက်ထည့်လိုက်ပါ။
Fastboot getver cid
၎။ချိတ်ဆက်ထားသော HTC ဖုန်း၏ CID ကိုဖော်ပြနေမည်ဖြစ်ပါတယ်။
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။