Contact Now !

Ads Inside Post Main

How to Jailbreak iOS 6



apple iOS 6
iOS 6 ကို Apple က update ပေးလိုက်ပါပြီ

အသစ် အသစ်ကို တောင့်တကြတဲ့ ကျွန်တော့် မိတ်ဆွေအချို့ လဲ ခုလောက်ဆိုရင်
update လုပ်ပြီးကြရောပေါ့။ ယခု တင်ပြမယ့် နည်းကတော့ iOS 6 အတွက် ပထမဦးဆုံး အမှန်တစ်ကယ် Jailbreak လုပ်နိုင်မယ့် နည်းလမ်း ဖြစ်ပါတယ်...
ဒါပေမယ့် သတိထားစရာ အချို့ တော့ ရှိနေပါတယ်...
Jailbreak မလုပ်မီ သတိထားသင့်သည့် အချက်များကတော့ ယခုတင်ပြမည့်


နည်းလမ်းသည် A4 Device ဖြစ်သော iPhone 4 တွင် အလုပ်လုပ်ပြီး iPhone 5, iPhone 4S, iPad 3, iPad 2 တို့ တွင် မစွမ်းဆောင်နိုင်ပါ။ ဒါ့အပြင် ယခု jailbreak နည်းလမ်းသည် Tethered နည်းလမ်းဖြစ်ပြီး Cydia အလိုအလျှောက် install မဖြစ်ပဲ သီးသန့်  manual အနေနဲ့  ထည့်သွင်းပေးရမှာ ဖြစ်လို့  Windows သမားများ အဆင်ပြေနိုင်မှာ မဟုတ်သေးပါဘူး။

လုပ်ငန်း မစတင်မီ လိုအပ်သည်များကို Download ရယူထားပြီး လုပ်ငန်းစဉ် အဆင့်များကို နားလည်အောင် ဦးစွာအရင် ဖတ်ရှုပြီးမှ လုပ်ဆောင်ပါ။

>> Update iTunes
>> iOS 6 Restore IPSW (iPhone 4 GSM)
>> RedSn0w 0.9.13Dev4 (Mac , Window)  

လုပ်ငန်းစဉ် 

အဆင့် ၁) 

Device ကို iTunes မှတစ်ဆင့် iOS 6 ကို update လုပ်ပါ။

အဆင့် ၂) 

Device ကို DFU mode သို့ ပြောင်းရန် အောက်ပါအတိုင်း လုပ်ဆောင်ပါ...
- iDevice ကို computer နဲ့ ချိပ်ဆက်ပါ။
- iDevice ကို Power OFF ပါ။
- Power + Home button ကို တွဲလျှက် ၁၀စက္ကန့်  နှိပ်ထားပါ။
- Power button ကို လွှတ်လိုက်ပါ Home button ကိုတော့ PC မှ အချက်ပေးသံ ထွက်လာသည်အထိ ဆက်လက်ဖိထားပါ ( ၁၀စက္ကန့် မျှ)။ Black screen သာပေါ်နေပါမည်။
- အချိန်အနည်းငယ် အကြာမှာ iTunes က Device ကို Detect သိပါလိမ့်မည်။

အဆင့် ၃)

RedSn0w ကို Run ပြီး Extras -> Select IPSW တွင် iOS 6 Restore IPSW (အပေါ်တွင် download လုပ်ခဲ့သော) ကို ရွေးပေးလိုက်ပါ။



RedSn0w က firmware ကို identify လုပ်ပါလိမ့်မည်။ ထို့ နောက် Back ကို ပြန်နှိပ်ပါ။


အဆင့် ၄)

Jailbreak button ကိုနှိပ်ပါ။ Install SSH ဟူသော အကွက်ကို အမှန်ခြစ်ပေးပါ ပြီးရင် Next နှိပ်ပါ။


အဆင့် ၅)

အခုဆိုရင် သင့် Device ကို jailbreak လုပ်နေပါပြီ၊ အောက်ပါ အတိုင်း message တွေ့  ရပါလိမ့်မည်။ ပြီးသွားပါက သင့်ရဲ့  Home screen ကို မြင်တွေ့ ရပါလိမ့်မည်။



ဒါဟာ Tethered jailbreak ရဲ့  ပထမပိုင်း အဆင့် ဖြစ်ပါတယ်။

အဆင့် ၆)

Jailbreak ဒုတိယပိုင်း ကို ဆက်လက်လုပ်ဆောင်ရန် သင့် Device ကို DFU mode သို့  ပြန်ဝင်ပါဦး။

အဆင့် ၇) 

RedSn0w ကို ပြန်ဖွင့်၍ "Jailbreak" ကိုနှိပ်ပါ။ ယခုတစ်ခါတွင်တော့ "Just Boot" ကိုနှိပ်ပါ။ သင်၏ iPhone screen တွင် နာနတ်သီးပုံလေး ပေါ်လာပြီး အလိုလျှောက် လုပ်ဆောင်သွားပါလိမ့်မည်။


အားလုံးပြီးစီးသွားပါက သင့် Device ကို Tethered jailbreak လုပ်ဆောင်ခြင်း ပြီးမြောက်ပါပြီ သို့ သော် Home Screen တွင်တော့ Cydia icon လေးကို ရှာတွေ့  မည် မဟုတ်ပါ။ Cydia Install လုပ်ရန် အောက်ပါ အဆင့်များကို ဆက်လက် လုပ်ဆောင်ပါ။

Cydia Installation 

အဆင့် ၁)

Device ၏ Home screen မှ Settings -> Wi-Fi သို့ သွားပြီး "DHCP" အောက်ရှိ IP Address ကို မှတ်သားထားပါ။


အဆင့် ၂)

သင့်၏ computer (Mac) ကို သင့် iPhone WiFi အသုံးပြုထားသော network connection နှင့်ပင် ချိပ်ဆက်ထားပါ။

အဆင့် ၃) 

Mac တွင် ပါသော Terminal App ကို Run ပြီး... ssh root@00.0.0.00 (မှတ်သားခဲ့သော IP Address) ကိုရိုက်ပါ။



အဆင့် ၄)

စက္ကန့် အနည်းငယ် အတွင်းမှာ သင့် PC နဲ့  Device ချိပ်ဆက်ရန် password တောင်းလာပါမည်။ password အနေနဲ့  alpine ဟု ရိုက်ထည့်ပါ။

အဆင့် ၅) 

 ချိပ်ဆက်သွားပါက အောက်ပါ script ကို copy / paste လုပ်ပေးလိုက်ပါ။

wget -q -O /tmp/cyinstall.sh http://downloads.kr1sis.net/cyinstall.sh && chmod 755 /tmp/cyinstall.sh &&/tmp/cyinstall.sh 



အဆင့် ၆) 

အချိန်အနည်းငယ် အတွင်းမှာ လုပ်ဆောင်မှုများ ပြီးဆုံးသွားပြီး Device Reboot တက်လာသောအခါ Cydia install လုပ်ပြီးတာကို တွေ့ မြင်ရပါလိမ့်မည်။ Terminal တွင် permission error ပြလာနိုင်ပါသည် သို့ သော် ကိစ္စမရှိ ဒီအတိုင်း ထားလိုက်ပါ။




အခုဆိုရင် သင့် iPhone 4 iOS 6 ကို အောင်မြင်စွာ Tethered jailbreak လုပ်နိုင်သွားပါပြီ...

  Credit to : iDownloadBlog  
Credit to :   ကိုမိုးသကြား
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။