Apple ရဲ့  iOS 4.2.1 ကို update လုပ်မိကြတဲ့ iPad အပါအဝင် iPhone 4,3G,3GS
(New Bootrom) နှင့် iPodTouch များအတွက် Jailbreak Tool အသစ်ဖြစ်တဲ့
redsn0w 0.9.6 b4 ကို Dev-Team ကနေပြီးတော့ update လုပ်ပေးလိုက်ပါပြီ... *
**
Ultrasnow နဲ့  unlock လုပ်ဖို့  လိုတဲ့ Device များအနေနဲ့ တော့ လက်ရှောင်စေချင်ပါတယ်... **
Jailbreak လုပ်နိုင်မယ့် Device များကို အောက်မှာဖော်ပြပေးလိုက်ပါတယ်
* iPhone 3GS (New Bootrom)
* iPhone 3G
* iPhone 4
* iPod Touch 2G (MC Model)
* iPod Touch 3G
* iPod Touch 4G
* iPad
လိုအပ်သော Software နဲ့  Firmware များကို Download အရင်ရယူပါ
RedsnOw Download
* RedsnOw 0.9.6 b4 (Win)
* RedsnOw 0.9.6 b4 (Mac)
Firmware Download
* iPhone 3GS (New Bootrom)
* iPhone 3G
* iPhone 4
* iPod Touch 2G (MC Model)
* iPod Touch 3G
* iPod Touch 4G
* iPad
မိမိ Device နှင့်သက်ဆိုင်သော Firmware (IPSW) ကိုသာ ရယူပါ
***************
လုပ်ငန်းစဉ်
၁) Device ကို PC နှင့်ချိပ်ဆက်ထားပါ
၂) Restore လုပ်ရန် iTune တွင် keyboard မှ Ctrl/Shift တွဲပြီး Restore button ကိုနှိပ်ပေးပါ
အပေါ်တွင် download လုပ်ထားခဲ့သော သက်ဆိုင်ရာ Firmware(IPSW) ကိုရွေးပေးလိုက်ပါ
Device Restore လုပ်နေပါပြီ
၃) Jailbreak လုပ်ငန်း စတင်ရန် RedsnOw ကို Run ပေးလိုက်ပါ
၎) RedsnOw တက်လာပါက Browse ကိုနှိပ်ပြီး စောစောက Restore လုပ်ပေးခဲ့သော Firmware(IPSW)ကိုပဲ Open ဖြင့် ထပ်မံရွေးချယ်ပေးလိုက်ပါ...ပြီးရင် Next ကိုနှိပ်ပါ...
၅) ပေါ်လာသော Box တွင် Cydia ကိုသာ အမှန်ဖြစ်ရွေးပေးပြီး Next ကိုနှိပ်ပါ...
၆) နောက်တစ်ခါ Next မနှိပ်ခင် Device ကို OFF ပေးလိုက်ပါ
၇) DFU mode ပြောင်းရန် သင့်ရဲ့  လက်ကို Power နှင့် Home button တို့ ကိုနှိပ်ရန် အသင့်ပြင်ထားပါ ပြီးမှ Next ကိုနှိပ်ပါ
၈) RedsnOw ကသင့်ရဲ့  Device ကို DFU mode လုပ်ရန် ညွှန်ကြားပါလိမ့်မည်... ညွှန်ကြားချက် အတိုင်း တစ်ဆင့်ခြင်း လုပ်ဆောင်ပါ
၉) DFU mode အတွက် လုပ်ဆောင်ချက်မှန်ကန်ပါက RedsnOw သည်အလိုလျှောက် Jailbreak လုပ်ဆောင်သွားပါလိမ့်မည်..
၁၀) အားလုံးပြီးစီးသွားပါက Device ပြန်လည်တက်လာပြီး Home screen တွင် Cydia ကိုတွေ့  ရှိမှာဖြစ်ပါတယ်
iPhone 4, 3GS (New Bootrom), iPod touch 4G / 3G / 2G, iPad များကသာ အောက်ပါ အဆင့်များကို ဆက်လက်လုပ်ဆောင်ရန် ကျန်ရှိနေပါတယ်
အဆင့် (၁၀) ထိအောင်မြင်စွာ ဆောင်ရွက်နိုင်ပြီး Home screen တွင် Cydia ကို တွေ့ နေရသော်လည်း Cydia ကို ဝင်လို့  မရပါ (tethered jailbreak) ကြောင့်ပါ...အောက်ပါအတိုင်း ဆက်လုပ်ပါ
၁၁) RedsnOw ကိုပြန် Run လိုက်ပါ
၁၂) အခု တစ်ကြိမ်မှာတော့ (just boot tethered right now) တစ်ခုကိုပဲ အမှန်ခြစ်ရွေးပေးပြီး Next နှိပ်ပေးလိုက်ပါ
၁၃) ပြီးသွားတဲ့ အချိန်မှာ နာနတ်သီပုံ လေးနဲ့  Boot ပြန်တက်လာမှာဖြစ်ပါတယ် အခုဆိုရင် Cydia က လုံးဝ အလုပ်လုပ်သွားပါပြီ...
