ဖုန်းက အဲဒီသီချင်းဖိုင်ကို မသိတာကြောင့်ဖြစ်ပါလိမ့်မယ်။ Java ဖုန်းတွေမှာ
အဲဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒါဘာကြောင့်လဲဆိုတော့ ဖုန်းရဲ့
Memory Card ထဲကို သီချင်းတွေကိုထည့်တဲ့အချိန်မှာ ကိုယ်တိုင် Folder
လုပ်ပြီး
ထည့်တာကြောင့်လည်းဖြစ်ပါတယ်။ java ဖုန်းတွေနဲ့ CDMA ဖုန်းတွေမှာ Music ကို အဲဒီလိုထည့်လို့မရပါဘူး။ ဖုန်းရဲ့ Memory Card ထဲမှာ သူ့ဟာနဲ့သူ Folder တွေရှိပြီးသားပါ။ နောက်ထပ် ထပ်ပြီးအသစ်လုပ်စရာမလိုပါဘူး။ ပြီးတော့ သီချင်းဆိုရင်လည်း သီချင်းဖိုင်၊ ဓာတ်ပုံဆိုရင်ဓာတ်ပုံဖိုင် သူ့ဟာနဲ့သူရှိတဲ့အတွက် သူ့ဖိုင်အမျိုးအစားထဲကိုသွားထည့်မှပဲ ဖုန်းကသိပါလိမ့်မယ်။ သူ့ဖိုင်အမျိုးအစားမဟုတ်ပဲ မှားထည့်ထားရင်ပဲဖြစ်ဖြစ် ကိုယ်တိုင် Folder အသစ်လုပ်ပြီး ထည့်ထားရင်ပဲဖြစ်ဖြစ် မရနိုင်ပါဘူး။ အဲဒါကြောင့် ဖုန်းထဲမှာ Music Library ကို ဘယ်လောက်ပဲ upgrade လုပ်လုပ်၊ ဖုန်းကသီချင်းတွေကို ရှာလို့တွေ့မှာမဟုတ်ပါဘူး။ Smart ဖုန်းတွေမှာကတော့ အဲဒီလိုပြဿနာမျိုးတွေမရှိပါဘူး။ Smart ဖုန်းတွေက ကိုယ်ကြိုက်တဲ့ Folder ကိုလုပ်ပြီး ကြိုက်သလိုထည့်နိုင်ပါတယ်။ ဖုန်းကပြန်ရှာပေးနိုင်ပါတယ်။ ကဲဒါကြောင့် smart phoneတွေပဲပဲသုံးကြရအာင်ဗျာ....။ဟီ နောက်တာနော်