Contact Now !

Ads Inside Post Main

Android Language & Keyboard အကြောင်းသိကောင်းစရာ.... ....

Android OS ဖုန်းတွေထဲမှာပါတဲ့ Language & Keyboard ဆိုတဲ့ အကြောင်းအရာပဲဖြစ်ပါတယ်။ ဒီစနစ်ဟာ ဖုန်းထဲမှာရှိနေတဲ့ ဘာသာစကားတွေနဲ့ စာရိုက်ဆက်သွယ်ခြင်းတွေ၊ ဖုန်းထဲမှာစာရိုက်ခြင်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နိုင်တဲ့ နေရာလေးတစ်ခုပဲဖြစ်ပါတယ်။
ဖုန်းရဲ့ Language & Keyboard ဆိုတဲ့နေရာကိုဖွင့်လိုက်ပါ။ အဲဒီထဲမှာ စတင်ပြီးမြင်တွေ့ရမှာကတော့
Select Language နဲ့ User Dictionary, IME ဆိုတဲ့အရာတွေကို ပျမ်းမျှအနေနဲ့ တွေ့မြင်နိုင်ပါလိမ့်မယ်။ ဒီနေရာမှာ ကွာခြားချက်ကတော့ အနည်းငယ်ရှိနေပါတယ်။ အဲဒါကတော့ Android OS ရဲ့ဗားရှင်းအနိမ့်အမြင့်ပေါ်မှာမူတည်ပြီး ဖုန်းထဲမှာရှိနေတဲ့ မြင်ကွင်းတွေနဲ့ User Interface တွေဟာ အနည်းငယ်ကွဲပြားခြားနားနိုင်ပါလိမ့်မယ်။ OS ရဲ့ Version အနိမ့်အမြင့်ပေါ်မှာမူတည်ပြီး ပါဝင်တဲ့ Setting တွေမတူညီနိုင်ပါဘူး။ ကျွန်တော်ကတော့ အားလုံးနဲ့အဆင်ပြေနိုင်မယ့် Android OS Version 2.3.3 လောက်ကနေစတင်ပြီး ဖော်ပြပေးသွားပါမယ်။ အထက်မှာဖော်ပြခဲ့တဲ့ အချက်သုံးချက်ကတော့ Android OS Version တိုင်းရဲ့ Language & Keyboard Setting ထဲမှာပါဝင်တဲ့အချက်တွေပါပဲ။ Select Language, Select Input Method, User Dictionary ဒီအပိုင်းသုံးပိုင်းကိုတော့ Android Language Setting လို့သတ်မှတ်ပြီး IME, Android Keyboard စနစ်နှစ်ခုကိုတော့ Android Keyboard Setting လို့သတ်မှတ်ပါတယ်။ ဒီနေရာမှာတော့ထပ်မံပြီး ပြောစရာရှိနေပါသေးတယ်။ အဲဒါကတော့ ဖုန်းထဲကိုနောက် Keyboard စနစ်သုံးဆော့ဖ်ဝဲတွေကို ထပ်မံထည့်သွင်းထားခဲ့တယ်ဆိုရင်တော့ ခုနကဖော်ပြခဲ့တဲ့စနစ်တွေရဲ့အောက်ဖက်မှာ ထပ်မံထည့်သွင်းထားတဲ့ Keyboard စနစ်တွေ ရှိနေမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင်တော့ မြန်မာစာစနစ်သုံး Zawgyi Keyboard ကို ထည့်သွင်းထားခဲ့တယ်ဆိုရင်လည်း Mydroid Keyboard ဆိုတဲ့စနစ်ကို ထပ်မံတွေ့မြင်ရမှာဖြစ်တဲ့အပြင် အခြား Keyboard ဆော့ဖ်ဝဲစနစ်တွေဖြစ်တဲ့ Better Keyboard, GO Keyboard အစရှိတဲ့စနစ်တွေ ထည့်သွင်းထားတယ်ဆိုရင်လည်း မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ Select Language ဆိုတာကတော့ ဖုန်းထဲမှာပါဝင်တဲ့ Language ဘာသာစကားတွေထဲကနေ ကိုယ်အသုံးပြုချင်တဲ့ဘာသာစကားကို ရွေးချယ်နိုင်မယ့်နေရာပဲဖြစ်ပါတယ်။ Select Language ထဲမှာ အသုံးပြုချင်တဲ့ဘာသာစကားကို ရွေးချယ်နိုင်တယ်ဆိုပေမယ့် ဖုန်းထဲမှာ မြန်မာစာစနစ်ဇော်ဂျီကိုထည့်သွင်းထားပြီး Select Language ဆိုတဲ့နေရာမှာ မြန်မာစာစနစ်ကိုတော့ ရွေးချယ်လို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒါကဖုန်းရဲ့ OS တည်ဆောက်မှုထဲမှာ Default ပါဝင်တဲ့ဖောင့်စနစ်တွေကိုပဲ အသုံးပြုနိုင်တဲ့စနစ် ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ Select Input Method ဆိုတာကတော့ ဖုန်းထဲမှာရှိနေတဲ့ fonts Method စနစ်ကို ရွေးချယ်နိုင်တဲ့စနစ်ပဲဖြစ်ပါတယ်။ Select Input Method ထဲကို ၀င်လိုက်တယ်ဆိုရင်တော့ ကိုယ့်ဖုန်းထဲမှာရှိနေတဲ့ Keyboard စနစ်တွေအားလုံးကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီထဲမှာတော့ Android Keyboard စနစ်နဲ့ IME Keyboard ဆိုတဲ့စနစ်နှစ်ခုကိုတော့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ကိုယ်ကနောက်ထပ်ထည့်ထားတဲ့ Keyboard Software တွေရှိတယ်ဆိုရင်လည်း ထပ်ထည့်ထားတဲ့ Software တွေကိုမြင်တွေ့ရမှာပါ။ ဒီထဲမှာမှ ကိုယ်အသုံးပြုချင်တာကိုရွေးချယ်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်စနစ်တစ်ခုကတော့ User Dictionary ဆိုတဲ့စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ဖုန်းထဲမှာစာရိုက်တဲ့အချိန် Message ရိုက်တဲ့အချိန်တွေမှာ ကိုယ်ရိုက်ခဲ့တဲ့စာသားတွေကို မှတ်သားထားပေးတဲ့စနစ်ပဲဖြစ်ပါတယ်။ ဒါကတော့ Android OS တွေရဲ့ လုပ်ဆောင်ချက်တစ်ခုလို့ ဆိုရမှာပါပဲ။ စာရိုက်တဲ့အချိန်မှာ ကိုယ်ရိုက်ချင်တဲ့စာကို အလွယ်တကူထုတ်ယူပြီး အသုံးပြုနိုင်ခဲ့တဲ့စနစ်တစ်ခုဖြစ်တဲ့ T9 Function လိုစနစ်မျိုးဖြစ်ပါတယ်။
Oldest

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။