Contact Now !

Ads Inside Post Main

ADB Command မှလုပ်ဆောင်ပေးနိုင်တဲ့အချက်များ

ADB Command မှလုပ်ဆောင်ပေးနိုင်တဲ့အချက်များ
device ကို သိမသိစစ်ခြင်း
device က root acess ရမရ စစ်နိုင်ခြင်း
device ထဲကို ကွန်ပျူတာကနေ file သွင်းနိုင်ခြင်း
device ထဲက ဖိုင်တွေကို ကွန်ပျူတာထဲကို လှမ်းထုတ်ခြင်း
Partition အစိတ်အပိုင်းများကို ကြည့်ရှုခြင်းနှင့်
အခြားကိစ္စများစွာ အတွက်သုံးပြုနိုင်ပါတယ်။
ADB Command ရိုက်ဖို့လိုအပ်ချက်များ
ADB Tool Folder တစ်ခု (File 4 File ပါရမည်)
ဖုန်းကို usb bebugging on ထားရန်
ဖုန်းရဲ့ သက်ဆိုင်ရာ driver သွင်းထားရန်
ဖုန်းနဲ့ ကွန်ပျူတာကို usb ကြိုးဖြင့် ချိန်ထားရန်
ADB Command ကိုဘယ်လိုရိုက်မလဲ
ADB Tool Folder ထဲလွတ်နေတဲ့ နေရာလွတ်နေရာမှာ
shift key + right click Open Common windows Here ကိုရွေး
CMD screen ပေါ်လာမည် ဒါဆိုရင် ADB Command စရိုက်ဖို့ အသင့်ဖြစ်ပါပြီ
Useful ADB Command
– ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ထားတာကို သိ မသိ စစ်ခြင်ရင်
adb devices
– ဖုန်း root လုပ်မထား ထားစစ်ချင်ရင်
adb shell su
– ဖုန်းကို reboot ချချင်ရင်
adb reboot
– ဖုန်းရဲ့ recovery mode ကိုဝင်ချင်ရင်
adb reboot recovery
– ဖုန်းထဲကို software သွင်းချင်ရင်
adb install facebook.apk
(apk file သည် မိမိ command သုံးနေသော folder ထဲတွင်ရှိရမည်)
– ဖုန်းထဲက ရှိနေပြီးသား ဆော့ဝဲနေရာမှာ တစ်ခြား ဆော့ဝဲထည့်ချင်ရင်
adb install -r facebook.apk
-r means reinstall
– ဆော့ဝဲကို ဖုန်းထဲမှာမသွင်းပဲ sd card ထဲမှာ install လုပ်ချင်ရင်
adb install -s facebook.apk
– ဖုန်းထဲကဆော့ဝဲကို uninstall လုပ်ချင်ရင်
adb uninstall com.facebook.katana
– ကွန်ပျူတာထဲက ဖိုင်ကို ဖုန်းရဲ့ Directory_storage ထဲကိုထည့်ချင်ရင်
adb[space]push[space][file name.file extension][space]/
[Mobile Directory]/[File name.file extension] adb push update.zip /sdcard/update.zip
adb push proxy.apk /sdcard/proxy.apk
adb push mypic.jpg /sdcard/mypic.jpg
– ဖုန်းထဲက ဖိုင်ကို ကွန်ပျူတာထဲကို လှမ်းထုတ်ချင်ရင်
adb pull /sdcard/proxy.apk C:\administratort\ _ _ _ _ _ \Desktop\proxy.apk
(ဒီနေရမှာ မိမိကွန်ပျူတာရဲ့ ဘယ်နေရာမှာ ထားမလည်းဆိုတဲ့ location ရွေးပေးရပါမယ်)
– Fastboot ကိုသွားချင်ရင်
adb reboot bootloader
– ဖုန်းတွင် system partition ရဲ့ partition block ကိုကြည့်ချင်ရင်
adb shell cat /proc/partitions
adb[space]shell[space]cat[space]/proc/partitions
ဒီလောက်ဆို ADB အသုံးပြုပုံ နာလည်လောက်ပြီ ထင်ပါတယ် …။

REF: MPPG  
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။