Contact Now !

Ads Inside Post Main

Android System မှာ Font တွေဘယ်လိုအလုပ်လုပ်သလဲ...




Android မှာ Font File ( .ttf ) တွေကို system/fonts အောက်မှာထည့်ထားပါတယ်။ ဒါပေမယ့် system/fonts အောက်ကို font file သွားထည့်လိုက်ရုံနဲ့တော့ ၎င်း font
ကိုမြင်ရမှာမဟုတ်ပါဘူး။ Android မှာ စာဖိုင်တွေကိုတွေ့ပြီးဆိုတာနဲ့ ပထမဆုံး system/etc ထဲမှာရှိတဲ့ system_fonts.xml ဆိုတဲ့ဖိုင်ထဲမှာ မှတ်တမ်းတင်ထားတဲ့ စာရင်းမှာပါမပါ 

စစ်ဆေးပါတယ်။ ၎င်း system_fonts.xml ထဲမှာမှတ်တမ်းတင်ထားတဲ့စာရင်းထဲပါရင် ၎င်း Font Style အတိုင်းပြပေးမှာဖြစ်ပါတယ်။ တကယ်လို့ system_fonts.xml
စာရင်းထဲမှာမပါတဲ့ Font အမျိုးအစားဆိုရင်တော့ system/etc ထဲက fallback_fonts.xml ဆိုတဲ့ XML File ထဲက Font List မှာ ပါ မပါ ထပ်ပြီးတော့စစ်ဆေးပါတယ်။
အဲဒီလိုစစ်ဆေးတဲ့အခါမှာလည်း အပေါ်ကနေ အောက်ဘက် အထိ အစဉ်အတိုင်းစစ်ဆေးပါတယ်။ ၎င်းစာလုံးတွေကို ပြပေးနိုင်မယ် Font တွေ့ပြီဆိုတာနဲ့အဲ့ဒီ Font Style
ကိုသုံးပြီးပြပေးပါတယ်။ ဒါက Android System မှာ Font တွေအလုပ်လုပ်ပုံကို အကြမ်းဖျင်းရှင်းပြတာဖြစ်ပါတယ်။
ဒါဆိုရင် မြန်မာဖောင့်မြင်ရဖို့အတွက် ဘယ်လိုလုပ်မလဲ။
Android ကိုမြန်မာစာသွင်းတဲ့ အခါမှာ Method နှစ်မျိုးကို အသုံးများပါတယ်။
Replacing Method
ဒီနည်းက ခုနပြောတဲ့ system_fonts.xml စာရင်းထဲမှာပါတဲ့ system font တစ်ခုခုနဲ့နာမည်တူ Change ပေးလိုက်တာဖြစ်ပါတယ်။ ဒါကို Replacing Method လို့ခေါ်ပါတယ်။ system
fonts ကိုနာမည်တူ Change ပေးရမယ်ဆိုတော့ ကျွန်တော်တို့သွင်းမယ့် Font File ကို ၎င်း System Font နဲ့နာမည်တူ ပြောင်းပေးရမှာပေါ့။ပြီးတော့မှာ ခုနက Font
တွေထားတဲ့နေရာဖြစ်တဲ့ system/fonts အောက်ကို သွားပြီးထားပေးရမှာပါ။ အရင်ရှိပြီးသား System Font နဲ့ Repalce လုပ်ပေးရမှာပေါ့။
XML Method
ဒီ ဒုတိယနည်းကတော့ fallback_fonts.xml ကိုပြင်တာပါ။ဖုန်းတစ်လုံးနဲ့တစ်လုံး falllback_fonts.xml မှာပါတဲ့ Font တွေက အတိအကျမတူပါဘူး။ ကျွန်တော်ကတော့ ၎င်း
fallback_fonts.xml ကို ADB Command သုံးပြီး PC ထဲဆွဲထုတ်၊ XML File ကို Notepad++ နဲ့ပြင်၊ပြီးတော့မှာ system/etc အောက်ကမူလ fallback_fonts.xml
နေရာမှာပြန်အစားထိုးလိုက်တာပါ။တကယ်လို့စာဖတ်သူက fallback_fonts.xml ကိုဆွဲထုတ်ပြီးမပြင်ချင်ဘူးဆိုရင် ၎င်း fallback_fonts.xml ထဲက Font Family ထဲကို Font
အသစ်ထည့်လို့ရပါသေးတယ်။ ဒါကတော့ /vendor/etc/ ထဲမှာ fallback_fonts.xml ဖိုင်တစ်ခုထည့်ပေးရမှာပါ။ ဒါပေမယ့် ဒီ fallback_fonts.xml ထဲက စာရင်းထဲမှာတော့
စာဖတ်သူထည့်မယ့် Font Family တစ်ခုပါရင် ရပါပြီ။ဒါပေမယ့် ၎င်း Font ကို system/etc/ ထဲက fallback_fonts.xml ထဲမှာဘယ်နှစ်ခုမြောက်မှာထည့်ချင်လည်းဆိုတဲ့ Order
ကိုတော့သတ်မှတ်ပေးရပါတယ်။ XML တွေအားလုံးပြင်ပြီးမှ system/fonts ထဲမှာ စာဖတ်သူထည့်မယ့် Font အသစ်ကိုထည့်ပေးရမှာပါ။ နာမည်ပြောင်းစရာမလိုတော့ပါဘူး။
***************************************************************
ဒီ Post မှာ အမှားအယွင်းတစ်စုံတစ်ရာပါပါက စာရေးသူရဲ့ လေ့လာမှုအားနည်းချက်ကြောင့်ဖြစ်ပါလိမ့်မယ်။ Font သွင်းနည်းအသေးစိတ်နဲ့ XML File ပြင်နည်းကို စာရေးသူရဲ့
Android System စာအုပ်ထဲမှာ စာနဲ့အပြင် Video သင်ခန်းစာအနေနဲ့ပါရှင်းပြထားပါသေးတယ်။

@ Copy
Taurus
IT Service & Training
Contact ! 09790138662, 09 26373697,09799544950
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။