Contact Now !

Ads Inside Post Main

iOS App will Run on Android Device

စိတ်ကူးယဉ်အိမ်မက်တွေကို ကြိုးစားအကောင်အထည်ဖော်လိုက်တဲ့အခါ မဖြစ်နိုင်ဘူးလို့ ထင်ထားခဲ့တဲ့ အရာတွေဟာ လက်တွေ့မှာ တစ်ကယ်ဖြစ်လာတာကို မယုံနိုင်ဖွယ်ရာ တွေ့ရပါတယ်...

Columbia University က PhD ကျောင်းသား (၆) ယောက်ဟာ Android Device တွေမှာ Apple iOS App တွေကို အသုံးပြုနိုင်ဖို့ အတွက် သုတေသန Project အဖြစ် "Cider" ဆိုတဲ့ software ကို ပူးပေါင်း ဖန်တီးလိုက်ပါတယ်။


"Cider" က Android Handset (သို့) Tablet တစ်ခုထဲမှာတင်ပဲ iOS Application တွေကို အသုံးပြုနိုင်အောင် စွမ်းဆောင်ပေးပါလိမ့်မယ်။

Binary compatibility နည်းပညာနှင့် ဖန်တီးထားတဲ့ "Cider" က App တစ်ခု Run နိုင်ဖို့ လိုအပ်တဲ့ Apple ရဲ့ 'XNU kernel' ပေါ်မှာ Run နေတဲ့ libraries, frameworks တွေကို Copy ကူးယူပြီး အလုပ်လုပ်နိုင်အောင် ပြုလုပ်ပေးပါတယ်။

"Cider" ဟာ သာမန်တွေ့မြင်နေကြ virtual machine ပုံစံမျိုးမဟုတ်ပဲ User တွေအနေနှင့် Android နှင့် iOS App တွေကို Device တစ်ခုထဲမှာတင် အပြန်အလှန် ပြောင်းလဲအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

**Demo Video** 





Ref: >>  Moe Tha Gyar 

 
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။