တစ်ဆင့်ပြန်လည် ဝယ်ယူထားသော iPhone, iPad တို့ကို iOS 7 နှင့် အထက် Update
လုပ်ကြသောအခါ များသောအားဖြင့် ကြုံတွေ့နေရတဲ့ ပြဿနာကြီး တစ်ရပ်ကတော့
Activation အဆင့်ကို မကျော်နိုင်တော့ပဲ မူလပိုင်ရှင်၏ Apple ID မှာတင်
လမ်းဆုံးနေကြရတတ်ပါတယ်။
အနိမ့် iOS မျာကိုလည်း ပြန်ဆင်း၍ မရတော့သည့်အခါမှာ မိမိရဲ့ iDevice မှာ အရုပ်တစ်ရုပ်သဖွယ် ဖြစ်နေပြီး အကြံကုန် စိတ်ပျက်နေကြသူများအတွက် ကောက်ရိုးတစ်မျှင် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်..
ကျွန်တော်သည် mobile ပြုပြင်သူတစ်ဦး မဟုတ်ပဲ Apple ချစ်သူများ၏ အခက်အခဲများကို တတ်နိုင်သမျှ ဖြေရှင်းပေးနေသော Bolgger တစ်ဦး ဖြစ်သည့်အားလျှော်စွာ ယခုနည်းလမ်းကို လက်တွေ့ စမ်းသပ်ရန် Device အခက်အခဲကြောင့် တစ်ဆင့်ခြင်း ပိုမို ရှင်းလင်း နားလည်အောင် screen shot များနှင့်တစ်ကွ ပြန်လည်ရေးသားဖို့ အခက်အခဲရှိနေပါတယ်...
သို့ဖြစ်ပါ၍ မူရင်း Video Tutorial လေး အတိုင်းသာ လိုက်ပါ လုပ်ဆောင်ကြပါရန် တိုက်တွန်းလိုပါသည်။
**အရေးကြီး မှတ်ချက်**
ဖော်ပြပါ နည်းလမ်းသည် အမှန်တစ်ကယ် Apple ID ကို ဖယ်ရှားပေးသော နည်းလမ်း မဟုတ်ပဲ အသုံးပြုနိုင်ရုံ Bypass လုပ်သည့် နည်းဖြစ်ပါသည်။
အခြားသူ၏ Apple ID ကို မိမိ device မှ အပြီးတိုင် ဖယ်ရှားပြီး မိမိ၏ Apple ID နှင့် ပြန်လည် အသုံးပြုနိုင်ရန် Bypass ဖြစ်သွားပြီးနောက် FaceTime App မှာ မြင်ရသော email သို့ အမြန်ဆုံး ဆက်သွယ်၍ အောက်ပါနည်းအတိုင်း iCloud account မှ ဖယ်ရှားပေးရန်
Ref: >> Moethagyar