Contact Now !

Ads Inside Post Main

Lock iPhone တွေကို Unlock လုပ်စရာမလိုဘဲအသုံးပြုနိုင်စေမယ့် R SIM

နိုင်ငံခြားကနေ မြန်မာပြည်က ဆွေမျိုးသားချင်းတွေဆီကို iPhone တွေလက်ဆောင်ပို့တယ် ၊ တစ်ချို့ကလည်း နိုင်ငံခြားမှာအလုပ်လုပ်ပြီးပြန်လာလို့ ဟိုမှာသုံးလက်စ iPhone ကို မြန်မာပြည်သယ်လာတယ်။ အဲဒီမှာကြုံရတဲ့ပြဿနာကတော့ ကိုယ့်ဖုန်းက ဟိုဘက်နိုင်ငံရဲ့ဖုန်းကုမ္ပဏီက Carrier Network နဲ့ချုပ်ထားတဲ့ Lock ဖုန်းဖြစ်နေရင် မြန်မာက SIM Card ထည့်တဲ့အခါ လိုင်းမတက် ၊ သုံးမရဖြစ်ကြပါတယ်။

အဲဒီအခါ ဖုန်းကို ၀ယ်ခဲ့တဲ့ ကုမ္ပဏီဆီကို Carrier Unlock လုပ်ဖို့အတွက်ဖုန်းဖိုး ငွေအပြည့်ပြန်ပေးသွင်းရပါတယ်။ အဲဒီအခါ နိုင်ငံခြားမှာတုန်းက မြန်မာငွေ ၂ သိန်းကျော် ၃ သိန်းလောက်ပဲ ဖုန်းကုမ္ပဏီဆီကနေ စာချုပ်နဲ့ပေးကိုင်ခဲ့တဲ့ iPhone က Unlock လည်းလုပ်လိုက်ရော မြန်မာပြည်မှာဝယ်ရတဲ့ iPhone ဈေးနီးပါး ပြန်ကျသွားပါတယ်။
အဲဒီတော့ ဘာလုပ်မလဲ ။ ကိုယ်က ဖုန်းကို ခဏခဏ version မြှင့်မနေနဲ့သူ ၊ ဖုန်းကိုသိပ်မကလိတဲ့သူမျိုးဆိုရင် R SIM ကဲ့သို့ Network Unlock SIM Slot လေးကိုသုံးသင့်ပါတယ်။ R SIM ဆိုတာကတော့ iPhone ရဲ့ SIM Card Slot အစားထိုး SIM Slot လေးပါပဲ။ ဒီ slot လေးကိုအသုံးပြုပြီး ဖုန်း SIM Card ကို iPhone ထဲကိုထည့်လိုက်တဲ့အခါ ဖုန်းကို Carrier Network Unlock လုပ်စရာမလိုဘဲ ဂျပန် iPhone lock ၊ အမေရိကန် iPhone lock နဲ့အခြား နိုင်ငံတွေရဲ့ lock iPhone တွေကို ဒီမှာအဆင်ပြေပြေသုံးနိုင်ပါလိမ့်မယ်။
ဈေးအားဖြင့်လည်း မြန်မာငွေသုံးလေးသောင်းဝန်းကျင်သာရှိတာကြောင့် Unlock လုပ်လို့ကုန်ကျမယ့်ငွေကြေးနဲ့ယှဉ်လိုက်ရင် အတော်လေးသက်သာသွားပါတယ်။ ရန်ကုန် ၊ မန္တလေးက ဖုန်းဆိုင်တော်တော်များများမှာ ဒီ SIM Slot လေးတွေကိုဝယ်ယူရရှိနိင်ပါတယ်။ R SIM လို့ခေါ်တဲ့ SIM Slot လေးတွေဟာလည်း iPhone အမျိုးအစား ၊ iOS version ပေါ်မူတည်ပြီး အမျိုးအစားကွဲပြားသေးတာကြောင့် ၀ယ်ယူတဲ့အခါ သေချာကြည့်ရှုစစ်ဆေးပြီးမှဝယ်သင့်ပါတယ်။ နိုင်ငံခြားက ယူလာတဲ့ Network Lock iPhone ကိုသုံးစွဲကြမယ့် iPhone users များလည်း အဆင်ပြေကြပါစေ။

သက်နိုင်စိုး (Myanmar Mobile App Store)
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။