"GSM ဖုန်းတစ်လုံးဝယ်တော့မယ်ဆိုလျှင်" ၁။ အရင်ဆုံး ကိုယ်ဘာအတွက်သုံးမလဲစဉ်းစားပါ။
(က)ဖုန်းပြောရန် သီးသန့်အတွက်လား။ (ကင်မရာပါမပါလျှင် ပိုပြီးလိုင်းမိကာ ပြောလို့ကောင်းပါသည်။) (ခ)အင်တာနက်ချိတ်ဆက်ပြီး onlineပြောရန်၊ သတင်းဖတ် ရန်အတွက်လား။ (Screen ကြီးကြီးနှင့် နောက်ဆုံးပေါ် ဖုန်းများကိုသုံးသင့်သည် internet အမြန်နှုန်းသည်
သိသိသာသာကိုကွားခြားသည်။ Galaxy Note အဆင်အပြေဆုံးမို့ သည်အလွန်လူကြိုက်များသည်။) (ဂ)သင်ဟာ ဓာတ်ပုံရိုက်ရန် ၀ါသနာကြီးသူတစ်ယောက်လား။ (ကင်မရာကောင်းသော Sony ဖုန်းများသည် သင်အတွက်ပိုအဆင်ပြေလိမ့်မည်။ Nokia ၏ N8 ဖုံးသည်လည်း နိုင်ငံခြားတွင် ရုပ်ရှင်ရိုက်နိုင်သည်အထိ ကင်မရာကောင်းသည်။) (ဃ)အပြင်းပြေ အချိန်ကုန်မြန်အောင် ဂိမ်းကစားချင်သလား။ (ပိုက်ဆံအကုန်အကျခံ နိုင်လျှင် iPhone Games များသည်အကောင်းဆုံးဖြစ်သည်။) (င) နိုင်ငံရပ်ခြားနှင့် Video Call တွေပြောချင်တာလား။ (Screen ကြီးသောနောက်ဆုံးပေါ်ဖုန်းကိုသုံးသင့်သည်။) ၂။ ဒုတိယက ဖုန်းအမျိုးအစားနှင့် လိုင်းဆွဲအားကောင်းမကောင်းကိုစဉ်းစားပါ။ မြန်မာပြည်၏ ထိပ်တန်းဖုန်းအမျိုးအစားများမှာ(လိုင်းဆွဲအားပေါ်လိုက်ပြီးအစဉ်လိုက်စီထားပါသည်)... (က)NOKIA (ခ)SAMSUNG (ဂ) HTC (ဃ) SONY (င) iPhone ၃။ တတိယစဉ်းစားရန်မှာ ဖုန်း၏ OS အမျိုးအစားဖြစ်သည်။ (က) Android - အစစအရာရာ အဆင်အပြေဆုံး အလွယ်ကူဆုံးဖြစ်သည်။ (ခ) iOS - လုံခြုံရေးကောင်းသော်လည်း သီချင်းသွင်းခြင်း၊ဂိမ်းသွင်းခြင်း၊ Softwares & Applications သွင်းခြင်း အစရှိသည် တို့တွင် ကွန်ပျူတာကျွမ်းကျင်မှု အခြေခံထက် လွန်မှသာ အဆင်ပြေနိုင်မည်။ (ဂ) Window - Internet သုံးရာတွင် သူမတူအောင်မြန်သည်။ အမြန်ဆုံးပင်ဆိုနိုင်သည်။ သို့သော် Bluetooth, softwares, သီချင်းသွင်းခြင်း၊ ကွန်ပျူတာဖြင့်ချိတ်ဆက်ခြင်းတို့တွင် ကွန်ပျူတာကျွမ်းကျင်မှုရှိမှ အဆင်ပြေနိုင်မည်။ (ဃ) Symbian - မြန်မာပြည်နှင့် ကျွမ်းဝင်မှုနည်းပါးသောကြောင်း Applications & Games သွင်းခြင်းတို့တွင် အခက်အခဲရှိနိုင်သည်။ ၄။ ဖုန်း၏တန်ဖိုး နှင့်ဈေးနှုန်းကိုစဉ်းစားပါ။ ဖုန်းအမျိုးအစားနှင့် အတွင်းပိုင်းပါဝင်မှုကို လိုက်ကာ ဈေးနှုန်းကွာခြားမှုရှိသည်။ (က) iPhone များသည် အခြားဖုန်းများနှင့် Performance ခြင်းတူလျှင် ဈေးကြီးသည်။ (ခ) Brand တူလျှင်ဈေးနှုန်းကွာလဲ အနည်းငယ်သာဖြစ်သည်။ မ၀ယ်ခင် Offical Online ဈေးကို အရင်စုံစမ်းသင့်ပါသည်။ မြန်မာနိုင်ငံတွင် နိုင်ငံခြားမှလာရောက်ဖွင့်သော ဖုန်းဆိုင်ခွဲများမရှိဘဲ တင်သွင်းရသောကြောင့် Official ဈေးအတိုင်းရောင်းနိုင်မည်ဆိုပါကလည်း သယ်ယူပို့ဆောင်ခများရှိနေသည်။ ထို့ကြောင့် ဖုန်းများသည် Official ဈေးထက်သက်သာနေလျှင် Qualityပိုင်းကို သတိထားရတော့မည်။ iPhone များသည် ဖုန်းများကိုပြင်ဆင်ရန် Class B Quality များကို သုံးပုံတစ်ပုံဈေးဖြင့် ထုတ်ပေးနေပြီး ထိုClass B များကို Thailand တွင်လွယ်လွယ်ကူကူဝယ်ယူရရှိနိုင်သည်။ (ဂ) ထုတ်လုပ်သော နိုင်ငံကိုလိုက်ပြီး Quality နှင့်ဈေးနှုန်းကွာခြားတတ်သည်။ Thailand, Dubai, Saudi, China တို့မှသွင်းသောဖုန်းများမှာ ဈေးပေါ်သည်။ (ဥပမာ- SAMSUNG ကထုတ်သော တစ်လုံးဆိုပါစို့ SINGAPORE မှာရောင်းဈေးသည် China မှာရောင်းသောဈေးထက်အများကြီး များ မည်မှာအမှန်ပင်။ သို့သော် Quality ကတော့ အလွန်ပင်ကွာလှသည်။ China လိုနိုင်ငံမျိုးသည် Quality Control လုပ်ရန်မလို ဈေးနှုန်းသာသက်သာပါစေ Quality ကိုမကြည့် လူအများသုံးနိုင်သောဈေးသာဖြစ်ပါစေအားလုံးကိုခွင့်ပြုထားသည်။ သို့သော် Singapore လို Quality Control တင်းကျပ်သောနိုင်ငံမျိုးတွင်ထိုကဲ့သို့ခွင့်မပြုပါ။ ထို့ကြောင့် China Quality သည် ကမ္ဘာ့ဈေးကွက်တွင် မျက်နှာငယ်နေရခြင်းဖြစ်သည်။ Samsung ကလည်း China တွင်ဈေးပေါပေါ ရာင်းနိုင်ရန် China အတွက် သီးသန့် Product တစ်မျိုး Export အတွက်တစ်မျိုး ထုတ်ပေးထားပါသည်။ ) (ဃ) ထို့ကြောင့် ဖုန်းဝယ်တော့မယ်ဆိုလျှင် ဈေးသက်သာသောဘက်ကို မလိုက်ပါနှင့် ယုံကြည်စိတ်ချရသော၊ ဖုန်းအကြောင်းကို တကယ်နားလည်တတ်ကျွမ်းသော ဖုန်းဆိုင်များတွင် ၃/၄ သောင်းများပါစေ ၀ယ်သင့်သည်။ ၅။ Warranty နှင့် Service သည်လည်းအရေးကြီးသည်။ (က) ဈေးသက်သာပြီး Quality ညံ့သောဖုန်းများသည် warranty တော့ပေးသည်။ သို့သော် official warranty မပေးပါ။ (ခ) Official Warranty ဆိုသည်မှာ ဖုန်းတစ်ခုခုချွတ်ယွင်းသော အချိန်တွင် ဖုန်းထုတ်လုပ်သောစက်ရုံသို့ပြန်လည်ပို့ပြီး လိုအပ်သည်တို့ကို Original Parts များဖြင့်ပြင်ဆင်ပေးခြင်းဖြစ်သည်။ (ဂ) ဖုန်းဆိုင်အများစု၏ Warranty မှာ official warranty မရှိသောကြောင့် ဆိုင်တွင်သာ ဖြုတ်၊ စမ်း၊ အခြားပျက်စီးနေသော ဖုန်းတစ်ခုမှ အပိုပစ္စည်းကိုပြန်တပ်ခြင်းဖြင့် ပြင်ဆင်ပေးနေခြင်းဖြစ်သည်။ ထို့ကြောင့် ဇြုတ်သော အခါတွင်နည်းစနစ်မကျခြင်း၊ ပြန်တပ်သောအခါတွင်နည်းစနစ်မကျခြင်းတို့ကြောင့် အရင်ကမှ Quality မကောင်းသောဖုံးသည် ပိုလို့ ဆိုးစေမည်။ ၆။ Battery သက်တမ်းကိုလည်းစဉ်းစားပါ။ (က) Battery ကြာကြာခံသောဖုန်းကလည်း ပိုပြီးအသုံးဝင်သည်။ (ခ) Internet သုံးသောအခါဖုန်းမှာ battery ပိုစားသည်။ ထို့ကြောင့် ခဏခဏအားသွင်းရမည့်ရန်မှကင်းဝေရန် ဖုန်းတစ်လုံးဝယ်သောအခါ Battery မည်မျှခံကြောင်းကိုလည်း စုံစမ်းမေးမြန်းသင့်သည်။