iPhone/Pad/Pod များအတွင်းသို့ app,game များကို
itool အသုံးပြုပြီး
ကွန်ပျူတာမှတစ်ဆင့်သွင်းနည်းကို iDevice Beginner Users များ အတွက်ဟြေပြပေးလိုက်ပါတယ်။ အခုပြောပြမယ့်နည်းက Jailbreak ပြီး Cracked app တွေသွင်းဖို့ပါ။
ကွန်ပျူတာအတွက် iTools ဆော့ဝဲလ် နှင့် ထည့်သွင်းနည်းပါ
Download Here: iTool
download ရယူပြီးပြီဆိုရင်တော့ ရလာတဲ့ zip ဖိုင်ထဲမှ iTools .exe ကို run လိုက်ပါ။
မိမိရဲ့ iPhone/Pad/Pod touch ကို usb ကြိုးကိုအသုံးပြု၍ ကွန်ပျူတာဖြင့်ချိတ်ဆက်ပါ။
ချိတ်ဆက်လိုက်လျှင် iTools ဆော့ဝဲထဲမှာ မိမိရဲ့ device ပေါ်လာပါမယ်။ iTools မှ Apps ထဲကိုဝင်လိုက်ပါ။

Apps ကဏ္ဍထဲသို့ရောက်သွားပြီဆိုပါကမိမိတို့ install လုပ်လိုသော ကွန်ပျူတာထဲရှိ မိမိတို့သွင်းလိုသော iOS app (.ipa) ဖိုင်ကို Drop & Drap ဆွဲပြီးထည့်သွင်းပေးလို့ ရပါပြီ။

အထက်ပါပုံအတိုင်းထည့်သွင်းနေပါလိမ့်မည် 100% ပြီးသွားပါက မိမိတို့ iPhone/Pad/Pod touch ထဲတွင်ယခုသွင်းလိုက်သော iOS app,game လေးရောက်နေပြီဖြစ်ပါတယ်။
မှတ်ချက်
တချိုကသော ဂိမ်းများမှာထည့်သွင်းရာတွင် မိမိ Device အတွင်းသို့ဝင်သော်လည်း မပွင့်ပါက Cracked app မဟုတ်သော ဂိမ်းများဖြစ်သောကြောင့် ထည့်သွင်းမရဘဲဖြစ်တတ်ပါသည်။