Contact Now !

Ads Inside Post Main

Samsung Galaxy Note 2 အတွက် Root ပြုလုပ်နည်း


Samsung Galaxy Note 2 အတွက် Root လုပ်နည်းကိုတင်ပြလိုက်ပါတယ်
Command Box က အကိုတစ်ယောက် NOTE2  ၀ယ်မယ်လို့ဟြေတော့မှ  Zealot မှာ 2 Root နည်းမတင်ရသေးမှန်းသတိရသွားပါတယ် ဗျာ။ ထွက်တဲ့ပစ္စည်းကထွက်နေပီ ကျွှန်တော်က မေ့နေတယ်  :)
ဟုတ်ပါပီဗျာ ကျွှန်တော်  တူတူ Root ကြည့်ရအောင်ဗျာ
လိုအပ်တာတွေ ဒေါင်း၇အောင်ဗျာ 

Galaxy Note 2 root package အားရယူရန်
Odin v3.04 အားရယူရန်
Samsung USB Driver အားရယူရန်

Download လုပ်လို့ရလာတဲ့ Odin zip ဖိုင်လေးကို ကွန်ပျူတာထဲမှာ ဇစ်ဖြည်လိုက်ပါ။ ဇစ်ဖြည်လို့ရလာတဲ့ဖိုင်ထဲက Odin v3.04.exe ကို run လိုက်ပါ။
ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် Volume Down  + Home + Power သုံးခုကိုတစ်ပြိုင်တည်းတွဲနှိပ်ပါ။ ဖုန်းမှာ Warning Screen ပေါ်လာပါလိမ့်မယ်။ Volume up ကိုနှိပ်ပြီး Download Mode ထဲကိုဝင်ရောက်ပါ။
Download Mode ထဲရောက်သွားပြီဆိုရင်တော့ ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်လိုက်ပါ။
ကွန်ပျူတာနဲ့ချိတ်လိုက်တာနဲ့ ကွန်ပျူတာထဲမှာ run ထားတဲ့ Odin v3.04 ဆော့ဝဲက auto သိပြီး ID:COM အကွက်မှာအစိမ်းရောင်အကွက်လေးပေါ်လာပါလိမ့်မယ်။
အဲဒီလိုမပေါ်ဘူးဆိုရင်တော့ ဖုန်း driver သွင်းတဲ့ step မှာ error တစ်ခုခုရှိခဲ့လို့ ဒါမှမဟုတ် driver မသွင်း၇သေးလို့ပါ။
Odin ဆော့ဝဲထဲက PDA ဆိုတဲ့ခလုတ်လေးဘေးက အကွက်လေးကိုအမှန်ခြစ်ပေးပြီးမှ PDA ခလုတ်ကိုနှိပ်လိုက်ပါ။
 ပြီးရင် ပထမဆုံး  download လုပ်လို့ရခဲ့တဲ့ cwm6-root-note2.tar ဆိုတဲ့ဖိုင်လေးကိုရွေး ပြီးရင် Open ကိုနှိပ်ပါ။
 ပြီးရင်တော့ Odin ဆော့ဝဲထဲက Start ခလုတ်ကိုနှိပ်ပါ။
ဒါဆိုရင် ဖုန်း screen ပေါ်မှာ Custom Recovery နဲ့ Super User root file များစတင်သွင်းနေတာကိုတွေ့၇ပါမယ်။
 root & recovery install process ပြီးသွားပြီဆိုရင်တော့ ဖုန်းက auto reboot ကျသွားပါလိမ့်မယ်။ Boot ပြန်တက်လာပြီဆိုရင်တော့ ဖုန်းရဲ့ application တွေထဲမှာကြည့်လိုက်ပါ။
Android စူပါမင်း icon လေးနဲ့ Super SU ဆော့ဝဲလေးကိုတွေ့၇ပြီဆိုရင်တော့ root process အောင်မြင်ပြီဖြစ်ပါတယ်။

Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။