Contact Now !

Ads Inside Post Main

Baseband မပြောင်းပဲ iOS 5.1.1 ကို Update လုပ်ခြင်း

iOS 5.1.1 သို့  မြှင့်လိုသော်လည်း Baseband တက်သွားပြီး
 Locked ပြန်ကျသွားမှာ စိုးရိမ်နေသော iPhone 4, 
3GS Locked phone ပိုင်ရှင်များ အတွက် လက်ရှိ
unlocked လုပ်ထားသော Baseband ကို မထိခိုက်ပဲ
iOS 5.1.1 ကို တင်နိုင်မယ့် နည်းလမ်းလေးပါ..


Windows, Mac နှစ်မျိုးလုံးမှာ အလုပ်လုပ်နိုင်ပါတယ်၊ လိုအပ်သည်များကို ဦးစွာ Download ရယူပြီး Folder တစ်ခုထဲတွင် စုစည်းထားပါ။
>> Download iTunes 10.6.1
>> Download Redsn0w 0.9.11b4 (Windows)
>> Download Redsn0w 0.9.11b4 (Mac)
>> Download iOS 5.1.1
 

 လုပ်ငန်းစဉ်
 

အဆင့် ၁)

Redsn0w 0.9.11b4 ကို zip ဖြည်ပြီး Run ပေးပါ။

အဆင့် ၂)

အောက်ပါပုံတွင် ဖော်ပြထားသည်အတိုင်း "Extras" button ကို နှိပ်ပါ။



အဆင့် ၃)

ထို့ နောက် "Custom IPSW" ကို နှိပ်ပြီးနောက် အပေါ်တွင် download ရယူထားခဲ့သော သက်ဆိုင်ရာ iDevice ၏ iOS 5.1.1 ကိုရွေးပေးလိုက်ပါ။


အဆင့် ၄)

အခုဆိုရင် Redsn0w က iOS 5.1.1 ကို Custom IPSW တစ်ခု ဆောက်နေပါပြီ။


အဆင့် ၅)

IPSW ဆောက်ပြီးသွားပါက အောက်ပါအတိုင်း message ပေါ်လာပါမည် OK နှိပ်ပေးလိုက်ပါ။
(Folder ထဲတွင် / Desktop တွင်လည်း NO_BB custom IPSW file တစ်ခု ရလာပါလိမ့်မည်)


အဆင့် ၆)

Redsn0w ၏ "Extras" အောက်မှ "Pwned DFU" ကိုနှိပ်ပါ။



အဆင့် ၇)

သင်၏ iPhone ကို USB အသုံးပြု၍ PC နှင့် ချိပ်ဆက်ပြီး Power Off လိုက်ပါ။

အဆင့် ၈)

အသင့်ဖြစ်ရင် Redsn0w မှ Next နှိပ်၍ ညွှန်ကြားချက် အတိုင်း တစ်ဆင့်ခြင်း DFU mode ရောက်အောင် လုပ်ဆောင်သွားပါ။


အဆင့် ၉)

DFU mode ထဲရောက်သွားပါက iTunes ကို ဖွင့်ပါ။ ထိုနောက် shift key နှင့် တွဲ၍ Restore button ကို နှိပ်ပြီး အဆင့် ၅ တွင် ဆောက်ထားခဲ့သော NO_BB custom IPSW ကိုရွေးပေးလိုက်ပါ။


အဆင့် ၁၀)

အခုဆိုရင် သင့် iPhone ကို unlock လုပ်နိုင်သော Baseband ကို မပြောင်းလဲစေပဲ iOS 5.1.1 ကို update လုပ်နေပါပြီ။

အားလုံးပြီးစီးပါက Jailbreak လုပ်ရန် Unlockn လုပ်ရန် အောက်ပါ နေရာများတွင် ဖတ်ရှု၍ ဆက်လက်လုပ်ဆောင်ပါ။

>> iOS 5.1.1 Jailbreak
>> iOS 5.1.1 Unlocked
Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။