ဒီ Post လေးကတော့ ... ညီတစ်ယောက် Gtalk မှာမေးတာ အဆင်သက့်လာလို့
တင်ပေးလိုက်တာပါ
ပိုက်ဆံမကုန်အောင်ပေါ့ဗျာ .. :)
iPhone 4, 3GS Lock ဖုန်းများ iOS 5.0.1 ကို untether jailbreak
ပြုလုပ်ပြီး unlock ပြုလုပ်ရာတွင် အခက်အခဲဖြစ်နေပြီး၊
SIM Carrier ကိုမသိ၍ ဖုန်းအသုံးပြုလို့ မရသူများ
အတွက် တင်ပြပေးလိုက်ပါ့မယ်။
RedsnOw နှင့် Baseband မပြောင်းအောင် Custom IPSW တည်ဆောက်ပြီး iTunes နှင့် Restore ပြန်လုပ်ရာတွင် မည်သည့် အခက်အခဲမျှ မရှိသော်လည်း Jailbreak ပြုလုပ်ရာ iPhone screen တွင် Please wait ပေါင်းများစွာတတ်လာပြီး နောက်ဆုံးမှာ "ERROR!" "Giving up..." စာတန်းများနှင့် error တက်ခဲ့ပါတယ်။
အကြိမ်ကြိမ် ပြန်လည် ကြိုးစားသော်လည်း ထပ်တူ ထပ်မျှ ဖြစ်ပြီး Jailbreak လုံးဝ လုပ်လို့မရခဲ့ပါဘူး။ iTunes နဲ့ SIM activate မဖြစ်လို့ iPhone ရဲ့ Home screen တောင် မြင်ခွင့်မရတော့ပါ... (Official SIM ကိုသာ Insert လုပ်ခိုင်းနေပါတော့တယ်)
ကဲ... စလိုက်ကြရအောင်...
မစခင် အောက်ပါ အချက်လေးတွေကို စစ်ဆေးဖို့ သတိပေးချင်ပါတယ်...
၁) baseband 06.15.00 ဖြစ်နေရပါမယ်
၂) 3GS ဆိုရင် Old bootrom လား..? New Bootrom လား...? သိရပါလိမ့်မယ်။ ဒီလိုနည်းနဲ့ စစ်ဆေးနိုင်ပါတယ်။
Downloads:
>> iOS 5.0.1_9A405_Restore
>> snOwbreeze 2.8b11
လုပ်ငန်းစဉ်ရဲ့ အနှစ်ချုပ်ကို ဦးစွာ ပြောပါရစေ...
ပထမ ။ ။ iOS 5.0.1_9A405_Restore (Main IPSW) ကို snOwbreeze သုံးပြီး baseband preserve iOS 5.0.1 ကို တည်ဆောက်ရပါတယ်။ ရလာတာကို (IPSW 1 လို့ မှတ်ထားပါစို့)
ဒုတိယ ။ ။ IPSW 1 ကိုသုံးပြီး iTunes နဲ့ Restore လုပ်ရပါမယ်။ (JB မဖြစ်သေးပါ)
တတိယ။ ။ (Main IPSW) ကို snOwbreeze သုံးပြီး jailbreak iOS 5.0.1 ထပ်မံတည်ဆောက်ရပါမယ်။ ရလာတာကို (IPSW 2 လို့ မှတ်ထားလိုက်ပါ)
စတုတ္ထ ။ ။ IPSW 2 ကိုသုံးပြီး iTunes နဲ့ Restore ထပ်မံ လုပ်ပေးရပါမယ်။ (JB ဖြစ်သွားပါပြီ)
Jailbreak ဖြစ်ပြီးသွားမှသာ UltrasnOw သုံးပြီး Unlock လုပ်ရပါမည်။
လုပ်ငန်းစဉ်
ပထမပိုင်း
၁) snOwbreeze 2.8b11 ကို Run ပါ။
၂) Browse ကိုနှိပ်ပြီး download လုပ်ထားခဲ့သော iOS 5.0.1_9A405_Restore ကို ရွေးပါ။ Next နှိပ်ပါ။ (Main IPSW)
၃) 3GS ဖြစ်ပါက Old bootrom / New bootrom ကို သက်ဆိုင်ရာကို ရွေးပေးပါ။
၎) Baseband Preservation Mode ကိုရွေးပြီး Next နှိပ်ပါ။ (ipsw ဆောက်နေပါပြီ...)
၅) snOwbreeze_iPhone **-5.0.1.ipsw ကို သင့် Desktop တွင် ရလာပါလိမ့်မည်။ (IPSW 1)
၆) snOwbreeze က သင့် iPhone ကို DFU mode ဝင်နိုင်ရန် လမ်းညွှန်ပါလိမ့်မည်။
၇) DFU mode ရောက်ပြီး iTunes နှင့် ချိပ်ဆက်မိပါက: snOwbreeze_iPhone **-5.0.1.ipsw (IPSW 1) ကို အသုံးပြု၍ (Shift + Restore) နှိပ်ပြီး Restore လုပ်ပါ။
အထက်ပါ အဆင့်များ အောင်မြင်စွာ ပြီးဆုံးခဲ့ပါက သင့် iPhone သည် baseband update မလုပ်ပဲ iOS 5.0.1 ဖြစ်သွားပါပြီ။ (Jailbreak တော့ မဖြစ်သေးပါ)
** snOwbreeze_iPhone **-5.0.1.ipsw (IPSW 1) ကို Desktop မှာ Folder တစ်ခုဆောက်ပြီး သိမ်းပါ။**
Jailbreak ဖြစ်ရန် အောက်ပါ အတိုင်း ဆက်လက် လုပ်ဆောင်ပါဦး...
ဒုတိယပိုင်း

၃) 3GS ဖြစ်ပါက Old bootrom / New bootrom ကို သက်ဆိုင်ရာကို ရွေးပေးပါ။ (မသေချာပါက Detect it for me. နှင့် စစ်ပါ)
၎) Expert Mode ကိုရွေးပါ။ Next နှိပ်ပါ။
၅) General ကိုရွေးပြီး Next နှိပ်ပါ။
၆) Activate The iPhone [Hacktivate] တစ်ခုထဲကို အမှန်ခြစ်ရွေးပေးပါ (အရေးကြီးသည်)။ Next နှိပ်ပါ။
၇) (Install iPad baseband / Custom Boot Logo(s)) တို့ကို အမှန်ခြစ် ဖြုတ်ခဲ့ပြီး တောက်လျှောက် Next နှိပ်သွားပါ၊ နောက်ဆုံး General ပြန်ရောက်သည် အထိ။
၈) Build IPSW ကိုရွေးပြီး Next နှိပ်ပါ။ (snOwbreeze က Custom IPSW ဆောက်နေပါပြီ)
၉) snOwbreeze_iPhone **-5.0.1.ipsw သင့် Desktop တွင် ရလာပါလိမ့်မည်။ (IPSW 2)
၁၀) snOwbreeze က သင့် iPhone ကို DFU mode ဝင်နိုင်ရန် လမ်းညွှန်ပါလိမ့်မည်။
၁၁) DFU mode ရောက်ပြီး iTunes နှင့် ချိပ်ဆက်မိပါက: snOwbreeze_iPhone **-5.0.1.ipsw (IPSW 2) ကို အသုံးပြု၍ (Shift + Restore) နှိပ်ပြီး Restore လုပ်ပါ။
အထက်ပါ အဆင့်များ အောင်မြင်စွာ ပြီးဆုံးခဲ့ပါက သင့် iPhone သည် iOS 5.0.1 untether jailbreak ဖြစ်သွားပါပြီ။
Unlock ပြုလုပ်ရန် အောက်ပါ အဆင့်တွေ ခရီးဆက်ပါဦး...
အဆင့် - ၁ : Cydia -> Manage -> Sources -> Edit -> Add မှတစ်ဆင့် http://repo666.ultrasnOw.com ဟုရိုက်ထည့်ပါ။
အဆင့် - ၂ : Repo ကို ရိုက်သွင်း ပြီးသွားပါက Search တွင် ultrasnOw ကိုရှာပြီး Install လုပ်ပါ။
မှတ်ချက်။ ။ Repo သွင်းယူရာတွင် အချိန် အတော်တန်ကြာမြင့်တတ်ပြီး Connection ကောင်းမွန်ဖို့ လိုအပ်ပါသည်။
အခုဆိုရင် သင့် iPhone 4 / 3GS ဟာ unlocked ဖြစ်သွားပါပြီ။
cread:ကိုမိုးသကြား