Contact Now !

Ads Inside Post Main

Iphone မှာ Personal Hotspot ပျောက်သွားရင် ...

iPhone 4S နဲ့  မြန်မာပြည်မှာ Internet သုံးကြသူတွေမှာ ဖြစ်နေတတ်ကြပါတယ်။
ဟိုးတစ်လောက မိတ်ဆွေတစ်ယောက် ဖုန်းဆက်ပြီး လှမ်းမေးပါတယ်၊ စင်ကာပူမှာ သုံးနေတဲ့ iPhone 4S ကို မြန်မာပြည်ပို့ လိုက်ပြီး မြန်မာပြည် 3G SIM ကာဒ်ထည့်သုံးတော့ Internet ကို mobile ကနေ တိုက်ရိုက်




သုံးလို့ ရပေမယ့် Laptop နဲ့ ချိပ်ပြီး သုံးဖို့ အတွက် Personal Hotspot ကို
ON ပေးဖို့  လိုက်ရှာတော့ Personal Hotspot လုံးဝ ရှာမတွေ့ တော့လို့  ဆိုပြီး အကူညီတောင်းလာပါတယ်။

ကျွန်တော် ကိုယ်တိုင်ကလည်း မြန်မာပြည်မှာ mobile နဲ့  Internet မသုံးဘူးသေးတာကြောင့် FB ကတစ်ဆင့် မိတ်ဆွေများထံ အကူညီတောင်းခံရပါတော့တယ်....
အခုရေးသားမယ့် အကြောင်းရာလေးက FB မှ မိတ်ဆွေများ ဖြေကြားထားတာလေးတွေကို အဆင်ပြေအောင် ပြန်လည် ရေးသားလိုက်ခြင်းသာ ဖြစ်ပါတယ်...

မှတ်ချက်။ ။ မြန်မာပြည် ဖုန်းလိုင်း အတွက်သာ ဖြစ်ပါတယ်....

ပထမဦးစွာ Home screen ရှိ Settings -> General -> Network အောက်ရှိ Cellular Data နှင့် Enable 3G နှစ်ခုစလုံးကို "ON" ပေးလိုက်ပါ။



ဒုတိယအဆင့် Cellular Data Network သို့ သွားပါ။


တတိယအနေနဲ့  ပုံပါအတိုင်း Cellular Data အောက်ရှိ APN တွင် mptnet ဟု ရိုက်ထည့်ပေးလိုက်ပါ။


ထို့ နောက် ဖုန်းကို Reboot ပြန်လုပ်ပါ။

ဖုန်းပြန်တက်လာပါက Settings -> General -> Network အောက်တွင် Personal Hotspot ကို ရှာတွေ့ နိုင်ပါလိမ့်မည်။ 3G Tower တိုင်နှင့် နီးကပ်ပါက ဖုန်းလိုင်း အတုံးလေးများ ဘေးတွင် "3G" ပြနေပြီး ဝေးကွာပါက "E" ဟုသာ ပြနေပါလိမ့်မည်။




Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။