Contact Now !

Ads Inside Post Main

iPhone 3Gs, 3G (iOS 4.1, 4.2.1) ကို Unlockable Baseband ပြောင်း၍ Jailbreak လုပ်ခြင်း

iPhone 3Gs, 3G (iOS 4.1, 4.2.1) တို့  Jailbreak တော့လုပ်လို့ ရတယ် Unlock ချလို့  မရသူများ အတွက် RedsnOw 0.9.6b5 ထပ်မံထွက်ရှိလာပါပြီ...
သူရဲ့  အဓိကလုပ်ဆောင်ချက် ကတော့ iPhone ကို jailbreak လုပ်ပြီး Baseband များအားလုံးကို Unlock လုပ်နိုင်သော Baseband 06.15.00 သို့  အပြီးတိုင်ပြောင်းလဲ လိုက်ခြင်းပါ...


အောက်ပါ အချက်များကို သေချာစွာ နာလည်အောင် ဖတ်ရှုပြီး လက်ခံနိုင်ပြီ ဆိုမှ ဒီ Tool ကို သုံးပါ...


*** ဖြစ်ပေါ်လာသော နောက်ဆက်တွဲ များသည် သင်၏ တာဝန်သာဖြစ်သည်... ***

၁) Baseband 06.15.00 ကိုပြောင်းလဲခြင်းသည် အပြီးတိုင်ဖြစ်၍ နောက်ပြန်လှည့်လို့  မရနိုင်ပါဘူး သင့်ရဲ့  Warranty လဲ ပျက်ပြယ်သွားပါတယ်။

၂) နောက်ထပ် အနာဂါတ်မှာ ထွက်ရှိလာနိုင်တဲ့ Baseband များကို လဲ update လုပ်လို့ မရနိုင်ပါဘူး

၃) သင်ဟာ Baseband 06.15.00 ကိုပြောင်းလဲထားသူဆိုရင် Firmware 4.2.1 ကစပြီး Apple ရဲ့  stock firmware ကို Restore ပြန်လုပ်လို့ မရတော့ပါဘူး ( Restore လုပ်ချင်ရင် custom IPSWs တွေကိုသာ Restore လုပ်နိုင်မှာပါ)

မှတ်ချက်။ ။ RedsnOw ရဲ့  အဓိက ရည်ရွယ်ချက်သည် iPhone 3Gs,3G (iOS 4.1, 4.2.1) သုံးသူများ
ဘယ်လို unlock လုပ်လို့ မရသူများ အတွက်သာ ရည်ရွယ်ပါတယ်။

** သဘောတူရင် စကြရအောင်..

၁) iOS 4.2.1 ကို Download အရင်လုပ်ပါ

၂) RedanOw 0.9.6b5 ကိုလည်း Download လုပ်ပါ

iPhone နှင့် PC ကိုချိပ်ဆက်ပါ...
၃) iTune ရဲ့  Restore ကနေ Download လုပ်ခဲ့သော iOS 4.2.1 IPSW file ကို Restore လုပ်ပါ..

၎) RedsnOw ကို Run လိုက်ပါ... Browse ကနေပြီးတော့ Download လုပ်ခဲ့သော iOS 4.2.1 IPSW file ကို ရွေးပြီး "Next" နှိပ်ပါ..


၅) "Install Cydia" နှင့် “Install iPad baseband” ကိုတော့ မဖြစ်မနေရွေးချယ်ပါ ကျန်တာကတော့ သင့်သဘောပါ...
မှတ်ချက်။  ။ သင့် Device သည် iOS4.2.1, 4.1 Jailbreak ဖြစ်ပြီးသားဆိုပါက "Install Cydia" ကို မရွေးပဲ ချန်ထားခဲ့ ပေးပါ “Install iPad baseband” ကိုသာရွေးပါ..

Custom boot logo, Custom recovery logo တို့ ကတော့ ဖုန်း reboot တက်လာတဲ့ အခါ သင်နှစ်သက်ရာ ပုံတွေကို ထည့်လို့ ရပါတယ်..
Emable multitasking, Enable battery percentage တို့ ကတော့ 3G သမားများ အတွက် သီးသန့် ပါ ရွေးချယ်ခဲ့မယ် ဆိုရင်တော့ multitasking,battery percentage တို့  ရသွားပါလိမ့်မယ် (ရွေးချယ်သင့်ပါတယ်)



၆) PC နဲ့ ချိပ်ဆက်ထားတဲ့ iPhone ကို Power OFF လိုက်ပါ ပြီးရင် "Next" နှိပ်ပါ...



DFU mode ဖြစ်ဖို့  RedsnOw ရဲ့  ညွှန်ကြားချက် အတိုင်း လိုက်နာဆောင်ရွက်ပါ..






၇) Installation စပြီဆိုရင်တော့ ခဏစောင့်နေလိုက်ပါ RedsnOw က အလိုလျှောက် ဆောင်ရွက်သွားပါလိမ့်မယ်..
အားလုံးပြီးသွားပြီ ဆိုရင်တော့ iPhone, iPod Touch ဟာ Auto Restart ပြန်ဖြစ်သွားပါမယ်..
အခုဆိုရင်တော့ သင့် Device ဟာ iOS4.2.1 (unlockable 06.15.00 baseband) ဖြစ်သွားပါပြီ..




Previous
Next Post »

လူဦးရေ ကန့်သတ်ထားသော အခမဲ့သင်တန်း ဖွင့်လှစ်သင်ကြားပေးသည်။