
Linux OS မှာတော့ Root ကို Administrator အဖြစ် သတ်မှတ်ပါတယ်။ Windows Platform မှာတော့ Admin Level တစ်ယောက်အနေဖြင့် Full Permission ကို အပြည့်အဝရပါတယ်။ Linux Platform မှာတော့ Root Level တစ်ယောက်အနေဖြင့် Full Permission အပြည့်အဝရသည့်အပြင် Open Source ဖြစ်သည့်အတွက် System အပိုင်းထိပါ ကိုင်တွယ်နိုင်ပါတယ်။
Android OS မှာ ဘာလို့ Root လုပ်ကြတာလဲ???
အထက်မှာ ရှင်းပြခဲ့သည့် Root Level အကြောင်းကို အထိုက်အလျောက်နားလည်မည်ဆိုပါက ဘာကြောင့် Root လုပ်တယ်ဆိုတာကို ဆက်စပ်တွေးကြည့်လို့ရပါတယ်။ အလွယ်ပြောရရင် ဖုန်းမှာ ပါဝင်ပြီးသား System and Application တွေအပြင် ပိုသုံးချင်သူ၊ ပိုကလိချင်သူတွေက Root လုပ်ကြပါတယ်။ အဲလို ကလိနိုင်ဖို့အတွက် Android ဖုန်းကို Root လုပ်ကြပါတယ်။ iphone မှာတော့ ဒါကို Jail break လုပ်တယ်လို့ ခေါ်ပါတယ်။
Andorid ဖုန်း အသုံးပြုသူဆိုရင်တော့ အောက်ပါ အဆင့်တွေအတိုင်း လွယ်ကူစွာ Root လုပ်နိုင်ပါတယ်။
Root လုပ်ဖို့အတွက် Root Application တစ်ခုလိုပါတယ်။ သို့သော် မိမိကိုင်ဆောင်သော ဖုန်း၏ Brand and Model ကို လိုက်ပြီး Root လုပ်နိုင်တဲ့ Application တွေကို သေချာရွေးချယ်ဖို့လိုပါတယ်။ ယခု စာရေးသူဖော်ပြပေးမည့် Z4root တွင်လည်း သူနဲ့ Compatible ဖြစ်သည့် ဖုန်းအမျိုးအစားများကို ဖော်ပြပေးထားပါတယ်။ မိမိ၏ ဖုန်းအမျိုးအစား အတိအကျ ပါဝင်မှသာလျင် Root လုပ်ပါရန် ကြိုတင် သတိပေးအပ်ပါသည်။
Z4root နှင့် သက်ဆိုင်သော Device များက
Samsung Galaxy S (All variants)Backflip
Sony X10
Xperia Mini
Droid 2
Galaxy Tab,I5700,3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120,C8500,C8600
Hero
G1
Optimus T
Droid 1
Garmin Asus A50
Motorola Defy
LG Ally
Motorola Flipside
Motorola Milestone 2
Dell streak
X10 Mini Pro
Smartq v7 android 2.1
အထက်ဖော်ပြပါ ဖုန်းအမျိုးအစားတွင် ပါဝင်မှသာလျင် Z4root.apk ကို Download လုပ်ယူပါ။
Z4root 1.3.0.apk ကို ဒေါင်းမယ်ဗျာ ...
Z4root.apk ကို မိမိဖုန်း၏ SDcard တွင် ထည့်သွင်းပါ။
မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ SDcard ကိုသွားပါ။ အဲမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။
. ဒီအဆင့်မှာ Root လုပ်ဖို့အတွက် ရွေးချယ်စရာ နှစ်ခုရှိပါမယ်။ Temporary Root နဲ့ Permanent Root ပါ။
Temporary Root ကိုရွေးချယ်ပါက Root ကို ယာယီ လုပ်ပေးတာပါ။ ဖုန်းကို ပိတ်မိပြီး ပြန်ဖွင့်ပါက UnRoot ဖြစ်သွားပါတယ်။
ဒါကြောင့် အမြဲတန်း Root အဖြစ်ထားလိုပါက Permanent Root ကို ရွေးချယ်ရပါမည်။ Permanent Root ကို ရွေးချယ်ပြီးပါက Rooting လုပ်နေပါမည်။ ပြီးပါက ဖုန်းကို Restart ချသွားပါမည်။ Android OS ပြန်လည်တက်ပြီးပါက Menu ထဲတွင် SuperUser ဆိုသည့် Application Icon တစ်ခုပေါ်နေပြီ ဆိုပါက Android OS ကို Root လုပ်တာ အောင်မြင်ပါပြီ။
Root လုပ်ပြီးပြီဆိုတော့ ကြိုက်ရာ Android Application တွေ၊ မြန်မာဖောင့်တွေ၊ မြန်မာလက်ကွက်တွေနှင့် တခြားကလိစရာတွေ အများကြီးထည့်သွင်း အသုံးပြုနိုင်ပါပြီ။ ဒါပေမဲ့ ကိုယ်ဖုန်းက Root လုပ်ပြီးသုံးနေတာဆိုတာကိုလဲ မမေ့ပါနဲ့လေ...။
Root မသိသေးသော သူငယ်ချင်း(chinese shop) :)33 st & 34 Between ရေ ...အိုကေနော် ....
Suporrt By nyinyi.mandalayblogger