iShuffle-Without-iTunes.zip
ဆိုတဲ့ ZIP ဖိုင်လေးကို
www.ishuffle.com.ar ကနေ ရယူနိုင်ပါတယ်။ Rar File ကလေးနဲ့တွေ့ရမှာဖြစ်ပါတယ် ...
အထဲမှာ iShuffle.exe ဆိုတဲ့ ဆော့ဝဲနဲ့အတူ Other Alternatives ဆိုတဲ့
folder
links နဲ့ Music folder တွေကို တွေ့ရပါမယ်။
တိုက်ရိုက်ထည့်သွင်းပါ။ ဖိုလ်ဒါတွေထဲမဟုတ်ပဲ တိုက်ရိုက်ကို Root
လို့ခေါ်ပါတယ်။ Root ထဲကို ထည့်ပါဆိုရင် ဒီတိုင်းပဲလုပ်ပေးပါ။
Music
ဆိုတဲ့ ဖိုလ်ဒါထဲကို ကိုယ့်စိတ်ကြိုက် Mp3 တွေ ထည့်ပေ တော့ဗျာ။
ပြီးရင်တော့ iShuffle ကို Double Click ပြီး Run လိုက်တာနဲ့ Music ထဲက mp3
တွေကို iShuffle ကနေ နားထောင်နိုင်ပြီပေါ့။
ဒါပေမယ့်
အရင် ထည့်သွင်းထားတဲ့ သီချင်းတွေကို iShuffle က မသိတော့ပြန်ဘူး မဟုတ်လား။
ဒီအတွက် တစ်ခါတည်းပါပြီးသားဗျာ။ http://shuffle-db.sourceforge.net က
shuffle-db ကို ထည့်ပေးထား တယ်။
rebuild_db ဆိုတဲ့ ဖိုလ်ဒါအောက်က
rebuild_db.exe နဲ့ rebuild_ db.py နှစ်ဖိုင်လုံးကို Root အောက်ကို ထည့်
ပေးပါ။ Root ဆိုတာ တော့ အပေါ်မှာ သိပြီး သားနော်။
ပြီးရင် rebuild_ db.exe ကို run လိုက်ပါ။ CMD Command Promt တက်လာပြီး ပြီးဆုံးကြောင်းပြောလာရင် Enter လေးသာ ရိုက်ချလိုက်ဗျာ။
ကဲ iPod လေးကို နားကျပ်တပ်ပြီး ပြန်နားထောင်ကြည့်ပါဦး။ သီချင်း တွေ အကုန် နားထောင်လို့ရပြီမဟုတ်လား။
ဒါနဲ့မကျေနပ်သေးဘူးလား
iPod ကို iTune နဲ့မှ Play list ပြနိုင်တာ မဟုတ်ပါဘူး။ Shuffle မှာ
bookmark လုပ်ဖို့အတွက် Other Alternatives ထဲက iPod Shuffle Manager မှာ
Bookmark လုပ်နိုင်ပါပြီဗျာ။ ပြီးရင် Shuffle ကို စိတ်ကြိုက် Bookmark နဲ့
Play နိုင်တာပေါ့ဗျာ။
iTune
နဲ့သီချင်းသွင်းရင် Computer နဲ့ ဒီတိုင်းကြည့်ရင် သီချင်းတွေ ကို
ဖျောက်ထားပြီး နာမည်လဲ ပြန်ပြောင်းထားပါတယ်။ အလွယ်တကူ ပြန်ကူးဖို့
မလွယ်ဘူးပေါ့။ iShuffle မှာတော့ သီချင်းတွေကို ဒီနာမည်နဲ့ ဒီတိုင်း
ကူးပေးနိုင်တယ်။ ကွန်ပျူတာမှာ ဘာဆော့ဝဲမှ ရှိစရာမလိုပါဘူး။ ဒါဆိုရင် iTune
ရှိမှ သီချင်းတွေထည့်သွင်းတာ ထုတ်တာ မျှဝေတာ လုပ်နိုင် တယ်ဆိုတဲ့ iPod တွေ
ကို ကွန်ပျူတာမှာ ဘာ ဆော့ဖ်ဝဲမှ မရှိလည်း ကိုယ့် iPod/iShuffle တွေကနေ လုပ်နိုင်ပြီ။