Sony Ericsson ဖုန်းတွေအတွက် GSM အင်တာနက်စနစ်ဖြစ်တဲ့ EDGEစနစ်ကိုအသုံးပြုပြီး အင်တာနက်စနစ်ကို ကွန်ပျူတာနဲ့တွဲဖက်အသုံးပြုဖို့ဆိုရင် ဆော့ဖ်ဝဲတွေလိုအပ်တယ်ဆိုတာ ဟုတ်ပါတယ်။ မိုဘိုင်းဖုန်းတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်ဖို့အတွက်နဲ့ ဖုန်းကနေရရှိတဲ့ အင်တာနက်စနစ်ကို ကွန်ပျူတာမှာအသုံးပြုနိုင်ဖို့အတွက် ကြားခံဆော့ဖ်ဝဲတွေ လိုအပ်ပါတယ်။အဲဒါတွေကတော့ PC Suite ဆော့ဖ်ဝဲတွေနဲ့ Moderm ဆော့ဖ်ဝဲတွေပဲဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲတွေရှိမှပဲ မိုဘိုင်းဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်ပြီး အင်တာနက်အသုံးပြုနိုင်မှာပါ။
PC Suite ဆော့ဖ်ဝဲရှိမှပဲ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ဆက်နိုင်မှာဖြစ်ပြီး Moderm ဆော့ဖ်ဝဲရှိမှပဲ ဖုန်းရဲ့အင်တာနက်စနစ်ကို ကွန်ပျူတာကနေပြီးဖမ်းယူအသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲနှစ်ခုကတော့ လိုအပ်ပါတယ်။အဲဒါတွေက ဖုန်းဆိုင်မှာ အလွယ်တကူမရနိုင်ဘူးဆိုတာလည်း ဟုတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖုန်းမော်ဒယ်တွေ အများကြီးရှိနေတဲ့အတွက် မော်ဒယ်အားလုံးအတွက် ဆော့ဖ်ဝဲတွေရှိနေဖို့ သိပ်မလွယ်ပါဘူး။ ဒါတွေက ကိုယ်ကိုင်တဲ့ဖုန်းရဲ့ မော်ဒယ်နံပါတ်နဲ့ယှဉ်ပြီး ကိုယ်တိုင်အွန်လိုင်းမှာရှာပြီး အသုံးပြုနိုင်ပါတယ်။ ရှာချင်တယ်ဆိုရင်တော့ Sonyericssonဆိုတဲ့ဝက်ဘ်ဆိုက်ပေါ်မှာ ကိုယ့်ဖုန်းရဲ့မော်ဒယ်နံပါတ်နဲ့လိုက်ပြီး ဆော့ဖ်ဝဲတွေကို ရှာဖွေအသုံးပြုနိုင်ပါတယ်